Telenor Open Mind အစီအစဉ်ကို မြန်မာနိုင်ငံမှာစတင်

မသန်စွမ်းသူတွေရဲ့ အခွင့်အလမ်းတွေကို မြှင့်တင်ပေးသွားမယ့် Telenor Open Mind အစီအစဉ်ကို မြန်မာနိုင်ငံမှာစတင်

Telenor Myanmarဟာ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI)နဲ့ ပူးပေါင်းကာ Telenor Open Mind အစီအစဉ်ကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ကရန်ကုန်မြို့ Telenor Myanmar Office (Sule Square Office Tower) မှာမိတ်ဆက်ခဲ့ပါတယ်။

Telenor Open Mind အစီအစဉ်ဟာတမူထူးခြားတဲ့ လုပ်ငန်းခွင်လေ့ကျင့်ရေးအစီအစဉ်တစ်ခုဖြစ်ပြီးမသန်စွမ်းသူတွေအတွက် အထောက်အကူပြု နည်းစနစ်တွေနဲ့ နည်းပညာတွေကနေတဆင့် မြှင့်တင်ပံ့ပိုးပေးသွားမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်ပေနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။