အိမ်ဆောက်ပစ္စည်း စုံလင်စွာရနိုင်တဲ့ PRO 1 Home Center ဖွင့်လှစ်

ဦးဝင်းမြင့်
ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

2 1

တစ်နေရာတည်းမှာတင် အိမ်ဆောက်ပစ္စည်းအမျိုးအစား စုံလင်စွာရရှိနိုင်မယ့် PRO 1 Home Center ဖွင့်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်က အင်းစိန်မြို့၊ လမ်းသစ်လမ်းရှိ အဆိုပါစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲ အခမ်းအနားမှာ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တက် ရောက် အမှာစကားပြောကြားခဲ့ပြီး PRO 1 Home Center ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးထွေးက Home Center ဖွင့်လှစ်ရတာနဲ့ ပတ်သက်လို့ `အခုဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာပြီးတော့ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းတွေဟာလည်း ဈေးကွက်မှာ လိုအပ်ချက်တွေ ရှိလာခဲ့ပါတယ်။ လုပ်ငန်းရှင်တွေဟာ လည်း ပစ္စည်းတွေ ရှာဖွေဝယ်ယူရတဲ့အခါ ပစ္စည်းအတင်အချအတွက် နေရာအခက်အခဲတွေ၊ ကားနေရာ ရ ရန်အတွက် စောင့်ဆိုင်းရတဲ့အနေအထားတွေကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒါကြောင့်  ကားပါကင် ကျယ်ကျယ် ၀န်းဝန်းနဲ့ ဆောက်လုပ်ရေးလုပ်သုံးပစ္စည်းတွေကို တစ်နေရာတည်းမှာ ရရှိနိုင်အောင် One Stop Service ရှိ သင့်တယ်လို့ သုံးသပ်ပြီး PRO 1 Home Center ဖွင့်လှစ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ Home Center ဖွင့်လှစ်ဖို့ အတွက် အချိန် နှစ်နှစ် ယူခဲ့ရပါတယ်။ နောက်ထပ် PRO 1 Home Center Branch ခွဲတွေကို  ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆက်လက်ဖွင့်သွားဖို့ ရှိပါတယ်´ လို့ ပြောပြခဲ့ပါတယ်။ နိုင်ငံတကာက ထုတ်လုပ်ထားတဲ့ အမှတ်တံဆိပ်မျိုးစုံကို အိမ်ကြမ်းခင်းကနေ အိမ်ခေါင်းမိုးအထိ ၀ယ်ယူရရှိနိုင်တဲ့ PRO 1 Home Center ကို မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။