Nay Sun’s Illusion ပန်းချီပြပွဲ
ပန်းချီဆရာ Nay Sun ရဲ့ Illusion ပန်းချီပြပွဲကို ဇန်န၀ါရီလ ၂၄ ကနေ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်အတွင်းရှိ နတ္ခတ္တာရာပြခန်းအနီးမှာရှိတဲ့ The Yangon Gallery မှာ ပြုလုပ်လျက်ရှိပါတယ်။ ဒီပွဲဟာ ပန်းချီNay Sun ရဲ့ ၆ ကြိမ်မြောက် တစ်ကိုယ်တော် ပြပွဲဖြစ်ပါတယ်။ ပန်းချီ Nay Sun ဟာ ဆီဆေး၊ ရေဆေးနှင့် acrylic ပန်းချီတွေကို ရေးဆွဲလေ့ရှိပြီး အခုပွဲမှာတော့ ရေဆေးပန်းချီကားတွေကို ပြသထားတာဖြစ်ပါတယ်။