Myanmar Phar-MED Expo 2014

article landscape wartermark final2

Vietnam နိုင်ငံရှိ Vietnam Exhibition and Advertisement Service (VEAS) နှင့် Thai နိုင်ငံရှိ VNU  Asia Pacific Co Ltd တို့ပူးပေါင်းပြီး မန်မာနိုင်ငံရှိ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းနှင့်တွဲဖက်ကာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံတကာဆေးဝါးဆိုင်ရာကုန်စည်ပြပွဲ Myanmar Phar-MED Expo 2014 ဖွင့်ပွဲကို ရန်ကုန်မြို မင်းဓမ္မလမ်းမှာရှိတဲ့  MCC ခန်းမမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။  အဲဒီကုန်စည်ပြပွဲကို ရန်ကုန်တိုင်းဒေကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့်အတူ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပြပွဲကို ဇူလိုင်လ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့ထိကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံက ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်တွေ ၀င်ရောက်ပြသခဲ့ကြပါ တယ်။ ပြပွဲရက်တွေမှာ လည်း ဟောပြောပွဲတွေကို ပြုလုပ်ပေးကာ လာရောက်လေ့လာ ကြည့်ရှု့သူတွေနဲ့ အထူးစည်ကားခဲ့တယ်လို့ သိရပါတယ်။

 

article landscape wartermark final5 article landscape wartermark final4 article landscape wartermark final3

article landscape wartermark final6