MK Fashion Shop, Wacoal ရဲ့ JU Pink Ribbon, Power of Women

MK post

MK Fashion Shop ရဲ့Brand  တစ်ခုဖြစ်တဲ့ Wacoal ကနေ စီစဉ်ပြုလုပ်တဲ့ Pink Ribbon, Power of Women  ပွဲကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် က Junction Square  မှာ ပြုလုပ်ခဲ့ပါ တယ်။ အခမ်းအနားမှာ Miss Universe Myanmar 2013 First Runner-up ဆုရှင် အေးချမ်းမိုးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါ တယ်။ ၂၀၀၇ ခုနှစ်မှာ ဒေါက်တာဘွဲ့ရခဲ့တဲ့ ဒေါက်တာချစ်သုဝေ တစ်ဖြစ်လည်း အနုပညာရှင်ချစ်သုဝေ၊ တတိယနှစ်ဆေးကျောင်းသူ ချစ်စုစုဟန်၊  ဆေးတက္ကသိုလ် တတိယနှစ် ဖြေထားတဲ့ အေးချမ်းမိုးတို့က အမျိုးသမီးတိုင်းဖြစ်နိုင်ခြေရှိတဲ့ Breast Cancer နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသမီးတိုင်း ကျန်းမာရေး အသိပညာရရှိဖို့ရည်ရွယ်ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲနဲ့အတူ Wacoal အမှတ်တံဆိပ် အမျိုးသမီးအတွင်းခံတွေကို ရောင်းချခဲ့ပြီး ဆွေးနွေး ပွဲအပြီးမှာ ချစ်သုဝေက ပရိသတ်တွေကို သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။