MCV ရဲ့ Night Bazaar On Air ဈေးပွဲတော်နှင့် ဖျော်ဖြေပွဲ
Night Bazaar On Air (လဟာပြင်ညဈေးတန်း) လို့ အမည်ပေးထားတဲ့ ဈေးပွဲတော်နဲ့ ဖျော်ဖြေပွဲကို Myanmar Culture Valley မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေစပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိပါတယ်။ ဈေးရောင်းပွဲနေ့ရက်တွေအတွင်းမှာ နေ့စဉ် ညနေ ၄ နာရီကနေ ၉ နာရီထိ ဖွင့်လှစ်ထားတာဖြစ်တဲ့ ဒီပွဲမှာ Main Sponsor အဖြစ် 100Plus က အားဖြည့်ထားတာဖြစ်ပါတယ်။ လဟာပြင်ညဈေတန်းမှာ အလှကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ အစားအသောက်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေကို ခင်းကျင်းပြသထားပြီး ဖျော်ဖြေရေးအစီအစဉ်တွေအဖြစ် ကျောက်ဆည်ဆင်အက၊ ရုပ်သေးပွဲ၊ ခြင်းလုံးအလှခတ်ပြသပွဲ၊ တိုင်းရင်းသားရိုးရာအကအလှ၊ မြန်မာ့ရိုးရာအကအလှတွေ၊ မျက်လှည့်နဲ့ ပျော်ရွင်ဖွယ်ဂိမ်းအစီအစဉ် စတာတွေလည်း ပြုလုပ်လျှက်ရှိပါတယ်။