Lifestyle နှင့် T-Club မဂ္ဂဇင်းများအတွက် မျက်နှာဖုံးရှင်ရွေးချယ်မည်

တူဒေးစာအုပ်တိုက်ကနေထုတ်ဝေတဲ့ Lifestyle နဲ့ T-Club မဂ္ဂဇင်းတွေအတွက် မျက်နှာဖုံးရှင်ရွေးပွဲကို ၂၀၁၄ ခုနှစ်၊ စက် တင်ဘာလ ၁၃ ရက် (စနေနေ့) မှာ ရွှေဂုံတိုင် Ocean Super Centre မှာ မနက် ၁၀ နာရီကနေ ည ၆ နာရီထိ ကျင်းပမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ခွင့်ပုံစံတွေကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလထုတ် Lifestyle မဂ္ဂဇင်းနဲ့ T-Club မဂ္ဂဇင်းတို့မှာ ထည့်သွင်းပေးထားပြီး စိတ်ဝင်စားသူတွေအနေနဲ့  တူဒေးစာအုပ်တိုက် (အမှတ် H, လှိုင်မြင်းမိုရ်ကန်လမ်း၊ ကန်ရိပ်မွန် အိမ်ရာ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၁ ၅၀၇၃၉၁ ~ ၃၊ ၀၁ ၅၀၇၃၈၅) မှာ လာရောက်ထုတ်ယူနိုင်ပါတယ်။ ပြိုင်ပွဲ အစီအစဉ်ကတော့ ပွဲမှာ ၀င်ရောက် အရွေးခံတဲ့သူတွေဟာ Revlon မိတ်ကပ်ပစ္စည်းများနဲ့ ပြင်ဆင်ခြယ်သပြီးတဲ့နောက် ချက်ချင်းဓာတ်ပုံရိုက်ယူကာ မျက်နှာဖုံးရှင်အဖြစ် ပြန်လည်အကဲဖြတ်ရွေးချယ်မှာ ဖြစ်ပါတယ်။

ပွဲဖြစ်မြောက်ရေးအတွက် Revlon က ပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်။