Huawei ရဲ့ New Year, New Dream အစီအစဉ်
Huawei ဖုန်းကို ၀ယ်ယူသုံးစွဲကြတဲ့သူတွေကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ New Year, New Dream ခဲခြစ်ကမ်းစမ်းမဲအစီအစဉ်ကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်ကနေ ၃၁ ရက်အထိ စတင်ပြုလုပ်နေကြောင်းသိရပါတယ်။ ဘယ်လို Huawei ဟန်းဆက်အမျိုးအစားကိုမဆို အရောင်းမြှင့်တင်ရေးပြုလုပ်ထားတဲ့ Huawei ဖုန်းအရောင်းဆိုင်တွေနဲ့ Road Show တွေမှာ ၀ယ်ယူကံစမ်းနိုင်မှာဖြစ်ပြီး ဆုတွေကတော့ ငပလီ ကမ်းခြေအပန်းဖြေခွင့် ၁၀ ဦး၊ Huawei Ascend P6 အလုံး ၃၀၊ Huawei Ascend Mate အလုံး ၃၀၊ နာမည် ကြီးအနုပညာရှင်နဲ့အတူ ညစာအတူစားခွင့်တွေ ဖြစ်တယ်လို့ သိရပါတယ်။ Huawie Road Show အစီအစဉ်တွေကို Junction Square (၁၁. ၁. ၂၀၁၄) နဲ့ ဒဂုံစင်တာ ၂ (၁၉. ၁. ၂၀၁၄) မှာ မနက် ၁၁ နာရီကနေ ည ၉ နာရီ အထိ ကျင်းပသွားမှာ ဖြစ်ပြီး ကံထူးရှင်တွေကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှာ ဆုချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။