ဝန်ထမ်းအများအပြားလျှော့ချမယ့်ကိစ္စကို HP က အတည်ပြု

ပီစီကွန်ပြူတာကုမ္မဏီကြီး HP က ဒီနှစ်အစောပိုင်းမှာ အထက်ပိုင်းက ၀န်ထမ်းတွေလျှော့ချသွားမယ့်ကိစ္စကို အတည်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ ၀န်ထမ်းလျှော့ချဖို့ စီစဉ်ထားတဲ့ပမာဏထက်  ၀န်ထမ်း ၅၀၀၀ ပိုပြီး လျှော့ချသွားမယ်လို့ သိရပါတယ်။

ဆက်လက်ဖြစ်ပေါ်နေတဲ့ ဈေးကွက်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာဖိအားတွေကြောင့် အခုလိုဝန်ထမ်းလျှော့ချရတာဖြစ် တယ်လို့ HP က ဆိုပါတယ်။  အဆိုပါအစီအစဉ်ဟာ ၂၀၁၂ ခုနှစ် လုပ်ငန်းပြန်လည်ဖွဲ့စည်းရေးမှာ စီစဉ်ထားတဲ့ ၀န်ထမ်းလျှော့ချမယ့်အရေအတွက်မှာ ၀န်ထမ်းအရေအတွက် ၂၉၀၀၀ ထပ်တိုးလာတာဖြစ်တယ်။ မတ်လအတွင်းမှာ နဂိုစီစဉ်ထားတာထက် ၁၅ ရာခိုင်နှုန်းအထိ အပြောင်းအလဲလုပ်ပြီး လျှော့ချသွားဖို့ရှိတယ်လို့ HP က ကြေငြာခဲ့ပါတယ်။

Ref : AP