Head of KBZ Pay ရဲ့ Mr.Chong Ho Yoon နှင့်တွေ့ဆုံခြင်း

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလထုတ်၊ CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းတွင် Cover Story အဖြစ်ဖော်ပြပေးခဲ့တဲ့ “လူသုံးများလာတဲ့ ဒီဂျစ်တယ်ငွေပေးချေမှု” နဲ့ပတ်သက်ပြီး Head of KBZ Pay ရဲ့ Mr.Chong Ho Yoon နဲ့တွေ့ဆုံမေးမြန်းထားတာကို CEO ပရိသတ်များအတွက်ဖော်ပြပေးလိုက်ပါတယ်။

KBZ Pay ရဲ့ အဓိကလုပ်ဆောင်ချက်များ

မြန်မာနိုင်ငံတစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်းအပြည့်အ၀ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ သုံးစွဲနိုင်အောင်လုပ်ပေးမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးကြီးထားကာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ KBZ Pay ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ရိုးရိုးလေးပြောရရင် KBZ Pay ကမိုဘိုင်းဖုန်းထဲ App တစ်ခုပေါ်မှာသိမ်းထားတဲ့ Mobile Wallet တစ်ခုဖြစ်ပြီး ဒါကိုအသုံးပြုကာ နေ့စဉ်ကုန်ပစ္စည်းများဝယ်ယူခြင်း၊ ဘေလ်အမျိုးမျိုးပေးဆောင်ခြင်း၊ ဘဏ်ကိုလူကိုယ်တိုင်သွားနေစရာမလိုဘဲ ငွေကြေးကိုအဆင်ပြေပြေလုံခြုံစိတ်ချစွာ ကိုင်တွယ်သုံးနိုင်စေခြင်းတို့လို လုပ်ဆောင်ချက်တွေ လုပ်နိုင်စေပါတယ်။ အရင်ကရသင့်ရထိုက်တဲ့ ငွေကြေးဝန်ဆောင်မှုအမျိုးမျိုးကို လက်လှမ်းမမီခဲ့တဲ့ မြန်မာနိုင်ငံထဲမှာ ဒီလိုမျိုးလုပ်ပေးနိုင်တာကိုက ထူးကဲခြားနားမှုတစ်ခု ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ ပြည်တွင်းက သန်းပေါင်းများစွာသောလူတွေကို မိုဘိုင်းဖုန်းတွေက တစ်ဆင့်နေ့စဉ်ဝန် ဆောင်မှုအမျိုးမျိုးကို အဆင်ပြေလွယ်ကူစွာလုံခြုံစွာချိတ် ဆက်အသုံးပြုနိုင်ဖို့လည်း ဖြစ်လာခဲ့စေပါတယ်။

KBZ Pay အနေနဲ့ မြန်မာပြည်သူပြည်သားတွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာရော၊ အခုလိုကိုဗစ်ကပ်ကာလအတွင်းမှာပါ မိုဘိုင်းကငွေပေးငွေယူလုပ်ဖို့ဆိုတဲ့အရွေ့ကို အရှိန်တင်ပေးနိုင်ခဲ့ပါတယ်။ KBZ Pay ကိုသုံးတယ်ဆိုရင် အသုံးပြုသူတွေအနေနနဲ့ အေးဂျင့်နဲ့ကုန်သည် ၂၉၀,၀၀၀ ကျော်ရှိတဲ့ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပြီး ငွေလွှဲကိုလည်း ၂၄ နာရီ ခုနစ်ရက် ငွေကုန်ကြေးကျမရှိလွှဲနိုင်မှာဖြစ်သလို ငွေပေးချေမှုတွေကို ဒစ်ဂျစ်တယ်နည်းအရ အဆင်ပြေလွယ်ကူစွာလုပ်ကိုင်နိုင်စေမှာ ဖြစ်ပါတယ်။

KBZ Pay ရဲ့ အဓိကလုပ်ဆောင်ချက်တွေထဲမှာ ငွေသားကိုင်တွယ်စရာမလိုဘဲ ငွေပေးငွေယူလုပ်နိုင်ခြင်း၊ ဖုန်းငွေဖြည့်မှုတွေလုပ်နိုင်ခြင်း၊ ဒစ်ဂျစ်တယ်လက်ဆောင်ကတ်များဝယ်နိုင်ခြင်း၊ QR Payment တွေသုံးပြီး ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ဝယ်ယူနိုင်ခြင်း၊ ပရဟိတအဖွဲ့အစည်းများကို ငွေလှူဒါန်းနိုင်ခြင်းတို့ ပါဝင်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ဘေလ်ပေးဆောင်ခြင်းနဲ့ တရား ဝင်အေးဂျင့်တွေဆီကနဲ့ KBZ Bank ATM တွေကနေ ငွေသားထုတ်ယူခြင်းတွေလည်း လုပ်နိုင်ပါတယ်။ မကြာသေးခင်ကပဲ ဒီပလက်ဖောင်းကို Shopper Loan ၊ Personal Loan နဲ့ MPU Cash In လုပ်ဆောင်ချက်တွေ ထပ်တိုးထည့်ကာအဆင့်မြှင့်ခဲ့ပါသေးတယ်။

KBZ Pay အနေနဲ့ အဆင့်မြင့်လုံခြုံရေးနည်းစနစ်တွေပေါင်းစပ်ထည့်သွင်းဖို့လည်း အဓိကဦးစားပေးလုပ်ဆောင်ပါတယ်။ ငွေပေးငွေယူငွေပေးချေမှုတိုင်းအတွက် Password နဲ့ကာကွယ်မှုလုပ်ထားပြီး KYC(Know Your Customer) လမ်းညွှန်ချက်အတိုင်း Identity Verification လုပ်ငန်းစဉ်ကို အပြည့်အဝဆောင်ရွက်ပါတယ်။

KBZ Pay ရဲ့ နေ့စဉ်အသုံးပြုသူ၊ နေ့စဉ်လုပ်တဲ့ ငွေပေးချေမှုအရေအတွက်တွေနဲ့ တခြားသိထားတဲ့ အချက်အလက်တွေကိုလည်း မျှဝေပးပါဦး။

KBZ Pay အနေနဲ့ကအသုံးပြုသူ ၆.၅ သန်းရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အေးဂျင့်နဲ့ကုန်သည်ပေါင်း ၂၉၀,၀၀၀ ကျော်ရှိကာ လက်ရှိအင်တာဗျူးဖြေဆိုချိန်အထိလုပ်ခဲ့ပြီးတဲ့ ငွေပေးငွေယူ၊ ငွေပေးချေမှုပမာဏကတော့ မြန်မာကျပ်ငွေ ၁၇ ထရီလီယံရှိခဲ့ပြီဖြစ်ပါတယ်။

KBZ Payကိုနေ့စဉ်အသုံးပြုမှုတွေကလည်း တိုးတက်လာနေတာဖြစ်ပြီး အသုံးပြုသူအချင်းချင်း မိုဘိုင်းကတစ်ဆင့်ငွေလွှဲခြင်း (P2P Transaction) တွေလည်းတိုးများလာနေတာပါ။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်အတွင်း KBZ Pay ကတစ်ဆင့် စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄,၀၅၀ ဘီလီယံရှိစေတဲ့ ငွေလွှဲမှုအကြိမ်ရေပေါင်း ၄၄ သန်းရှိခဲ့တယ်လို့ မှတ်တမ်းအချက်အလက်များအရ သိရပါတယ်။ Social Distancing ကို အားပေးနေချိန်အတွင်း မှာ KBZPay အသုံးပြုသူအချင်းချင်းကြား အခမဲ့၊ ချက်ချင်းမိုဘိုင်းငွေလွှဲခြင်းကို ၂၄ နာရီခုနစ်ရက်ရအောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် လူကိုယ်တိုင်သွားရောက်လုပ်ကိုင်ရမယ့် ငွေပေးချေမှုပေါင်း သန်းနဲ့ချီပြီး တားဆီးပေးနိုင်ခဲ့ပါတယ်။

Mobile Wallet အသုံးပြုသူတွေကို ဒီလိုသုံးရခြင်းအကျိုးကျေးဇူးတွေနဲ့ပတ်သက်လို့ ရှင်းပြပေးပါဦး၊ ကိုယ်ရေးအချက်အလက်နဲ့ အခြားလုံခြုံရေးဆိုင်ရာ အကာအကွယ်တွေဘယ်လိုလုပ်ပေးထားသလဲဆိုတာကိုပါ ရှင်းပြပေးပါ။

“Convenience is King” ပါ။ KBZ Pay အနေနဲ့ ကုန်ပစ္စည်းတွေဝယ်ယူခြင်းနဲ့ ငွေကြေးစီမံခန့်ခွဲမှုကို ပိုမိုလုံခြုံသက်သာလွယ်ကူအောင်လုပ်ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့်မီဘဏ်ဝန်ဆောင်မှုများနဲ့ Mobile Wallet ဝန်ဆောင်မှုများကို အသုံးပြုသူတွေလက်ထဲအရောက် ထည့်ပေးနေရုံသာမက သူတို့ကို ဘဏ်၊ အာမခံ၊ Telecoms ၊ E-commerce နဲ့ လက်လီအရောင်းကဏ္ဍ၊ အစိုးရဌာနတွေပါဝင်တဲ့ Ecosystem ကြီးတစ်ခုလုံးနဲ့ပါ ချိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။

လုံခြုံရေးကလည်း ဘယ် Mobile Wallet မဆို အသုံးပြုသူတိုင်းအတွက် အဓိကသတိထားစဉ်းစားရမယ့် အချက်ဆိုတာကလည်းမှန်ပါတယ်။ ကျွန်တော်တို့ဆိုလည်း KBZ Pay စတင်မိတ်ဆက်ချိန် ၂၀၁၈ ခုနှစ်ကတည်းကကိုပဲ အသုံးပြုသူခြောက်သန်းကျော်ရဲ့လုံခြုံရေးကိုအမြဲပဲ ထိပ်တန်းအလေးပေးလုပ်ဆောင်နေတာပါ။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့်လုံခြုံရေးစနစ်တွေကို ကျွန်တော်တို့ရဲ့ ပလက်ဖောင်းနဲ့ အသုံးပြုသူတွေရဲ့အချက်အလက်လုံခြုံရေးအတွက် ကာကွယ်ပေးနိုင်ဖို့ အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့မှာ ငွေကြေးမသမာမှု တွေကို ကောင်းကောင်းတားဆီးကာကွယ်ပေးနိုင်မယ့် ခိုင်မာအားကောင်းတဲ့ E-KYC (Electronic Know Your Customer) Framework လည်းရှိထားအသုံးပြုနေပြီးဖြစ်ပါတယ်။

KBZ Pay က အသုံးပြုသူအသစ်လက်ခံတဲ့ လုပ်ငန်းစဉ်ထဲမှာ Facial Recognition ကို အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းအသုံးပြုတဲ့ မြန်မာ့ပထမဆုံး Mobile Wallet App တစ်ခုဖြစ်ပါတယ်။ ငွေလွှဲဖို့ ငွေလွှဲလက်ခံမယ့်သူရဲ့ဖုန်းနံပါတ်ကိုဖြည့်လိုက်တဲ့အခါမှာ အဲဒီဖုန်းအသုံးပြုသူရဲ့နာမည်ကိုဖော်ပြပေးတဲ့ တစ်ခုတည်းသောမြန်မာနိုင်ငံအတွင်းက Mobile Wallet App တစ်ခုလည်းဖြစ်ပါတယ်။ ဒါကလည်း ကိုယ်လွှဲလိုက်တဲ့ငွေက လူမှန်ဆီကိုရောက်သွားစေနိုင်ဖို့ နောက်ထပ်လုံခြုံရေးလုပ် ဆောင်ချက်တစ်ခုပါပဲ။

KBZ Pay ထဲမှာသိမ်းထားတဲ့ ငွေတွေကလုံခြုံ စွာ Password ကာကွယ်သိမ်းဆည်းထားတာဖြစ်လို့ အသုံးပြုသူအနေနဲ့ ဖုန်းပျောက်တာ၊ ခိုးယူခံရတာမျိုးဆိုရင်တောင် Mobile Wallet တွေက လက်ကိုင်ပိုက်ဆံအိတ်တွေထက် လုံခြုံပါသေးတယ်။ ဒါအပြင် ကျွန်တော်တို့အနေနဲ့ အသုံးပြုသူတွေကို သူ့ရဲ့ KBZPay Account PIN နံပါတ်၊ One Time Password (OTP) Code တွေနဲ့ တခြားဘယ်လို Account ရဲ့ အချက်အလက်တွေကိုမှ တခြားလူတွေနဲ့ မမျဝေဖို့ကိုလည်း တင်းတင်းကျပ်ကျပ်ကိုပဲ တိုက်တွန်းနေဆဲပါ။

မြန်မာနိုင်ငံရဲ့ Digital Mobile Payment ၊ Wallet တွေနဲ့ပတ်သက်လို့ အမြင်ကိုပြောပြပေးပါ။ တခြား SEA နိုင်ငံတွေနဲ့ ဘယ်လိုယှဉ်နိုင်မလဲဆိုတာကိုလည်း ပြောပြပေးပါ။

Macro Perspective ကပြောရရင်တော့ မြန်မာနိုင်ငံက အာရှမှာရှိတဲ့ Final Frontier Maket တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည့်စုံကျယ်ပြန့်တဲ့ ငွေကြေးဝန်ဆောင်မှုတွေကို သုံးနိုင်အောင်လုပ်ပေးမယ့် ခိုင်မာအားကောင်းတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေ ဖွံ့ဖြိုး လာအောင်လုပ်ရင်း သူတို့ရဲ့အားကိုယူရင်း လူတွေရဲ့စီးပွားရေးစားဝတ်နေရေးတွေကို ပိုမိုကောင်းမွန်အောင် မြန်ဆန်စွာလုပ်ပေးနိုင်ပါတယ်။ KBZPay အနေနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍရဲ့ ဦးတည်ချက်ကို ဘဏ်ခွဲတွေထက်ကျော်လွန်ပြီးလုပ်ဆောင်ပေးနိုင်ဖို့ ပြောင်းရွှေ့ခြင်းဖြင့် အထက်မှာပြောခဲ့တဲ့အခြေအနေကို တက်လမ်းနိုင်မယ့်လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Mobile Wallet တွေအောင်မြင်မှုကလည်း နိုင်ငံအတွင်း အင်တာနက်အသုံးပြုမှုတိုးလာခြင်း၊ ဒစ်ဂျစ်တယ်နဲ့ မိုဘိုင်းနည်းပညာလျင်မြန်စွာပြောင်းလဲသုံးလာခြင်းတို့နဲ့ ကွက်တိဆိုသလိုဖြစ်သွားပါတယ်။ ပြောခဲ့ပြီးတဲ့အချက်တွေကြောင့်ရယ် ဘဏ်ဝန်ဆောင်မှုအသုံးပြုမှုမရှိသေးတဲ့ လူဦးရေအများကြီးရှိသေးတာရယ်တို့က ကျွန် တော်တို့အတွက်ရေခံမြေခံကောင်းရှိပြီးသားဖြစ်စေလို့ မိုဘိုင်းဘ်နည်းပညာကိုအသုံးပြုပြီး တစ်နိုင်ငံလုံးအနှံ့ Financial Inclusion နက်ရှိုင်းစွာပျံ့နှံ့စေဖို့ဖြစ်စေပါတယ်။

မြန်မာနိုင်ငံရဲ့လူငယ်ထုက Mobile First Lifstyle ကိုရွေးချယ်ဖို့ အရွယ်ကောင်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း KBZ Pay Mobile Wallet ကို ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံအပြည့်နဲ့ မြှုပ်နှံတည်ဆောက်ထားတာဖြစ်လို့ ဒါကိုသုံးခြင်းအားဖြင့် ပိုမိုသက် သောင့်သက်သာလွယ်ကူမှုဖြစ်စေပြီး Mobile First Innovation တွေကိုလည်း ပိုမိုများပြားစွာ လုပ်ကိုင်လာနိုင်စေပါတယ်။

Industry Growth အတွက် အစိုးရပိုင်းနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေပိုင်းက ဘာတွေလုပ်သင့်ပါသလဲ။

ကပ်ဘေးကာလအတွင်း အစိုးရဘက်က ကိုဗစ်-၁၉ Economic Relief Plan မှာထုတ်ပြန်ထားတာနဲ့အညီ ဒစ်ဂျစ်တယ်နည်းလမ်းတွေကို ကူးပြောင်းသုံးစွဲရေး အရှိန်မြှင့်အားပေးထားပါတယ်။ ကျွန်တော်တို့ KBZ Pay အနေနဲ့လည်း အစိုးရကိုနိုင်ငံတစ်ဝန်း တောင်သူလယ်သမားတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်ရှိအမေတွေစတာတွေအပြင် ကိုဗစ်ကာလအတွင်း ငွေကြေးအခက်အခဲရှိနေသူကို ငွေထုတ်ပေးခြင်းအမျိုးမျိုးမှာ ပံ့ပိုးပေးထားပါတယ်။ ဒီလိုပူးပေါင်းလုပ်ဆောင်ချက်တွေက Industry ဖွံ့ဖြိုးဖို့၊ Financial Inclusion ကိုတိုးမြှင့်ဖို့နဲ့ မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုတွေ ပိုမိုကူးပြောင်းသုံးလာဖို့နေရာတွေမှာ အထောက်အပံ့ဖြစ်စေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာအဆင့်မြှင့်တင်ရေးတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ ကန့်သတ်ချက်ရှိနေသေးတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ Mobile-First Economy အတွက် ပြည်သူပြည်သားတွေအဆင်သင့်ဖြစ်စေဖို့ အဆင့်တိုင်းအဆင့်တိုင်းမှာ KYC Measure တွေဖြည့်ဆည်းဖို့လိုသလို Digital Literacy တိုးတက်လာအောင် လုပ်ကိုင်ပေးသွား ရမှာဖြစ်ပါတယ်။

KBZ Pay ရဲ့ ရေတို၊ ရေရှည်အစီအစဉ်တွေကို ပြောပြပေးပါဦး။

KBZ Pay အနေနဲ့ ဆက်လက်ပြီး နိုင်ငံအတွင်း Payment Landscape အသစ်ကို ဖော်ဆောင်လုပ်ကိုင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ Ecosystem ကိုလည်းပိုမိုတိုးချဲ့သွားမှာဖြစ်ပြီး နောက်ထပ်လည်း လူတွေကို သူတို့ရဲ့ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုမိုချိတ်ဆက်ပေးသွားမှာဖြစ်သလို အေးဂျင့်တွေ၊ ဝန်ဆောင်မှုပေးသူတွေ၊ E-Commerce နဲ့ Retail Platforms တွေ၊ အစိုးရဌာန ဝန်ဆောင်မှုတွေ၊ တခြားအဖွဲ့အစည်းတွေအများကြီးနဲ့ ပိုမိုချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ကျွန်တော်တို့က အရင်ကသန်းပေါင်းများစွာသောသူတွေ လက်လှမ်းမမီနိုင်ခဲ့တဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူတွေကိုဆက်လက်ချိတ်ဆက်ပေးသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် ပိုမိုအဓိပ္ပာယ်ပြည့်ဝတဲ့လုပ်ဆောင်ချက်တွေကိုလည်း မိတ်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်။

ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ ၂၀၂၈ ခုနှစ်မှာ KBZ Pay အသုံးပြုသူပေါင်း သန်း ၃၀ ကိုရောက်ဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းကလူတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေနဲ့ ပိုမိုကောင်းမွန်တဲ့ဘဝရရှိစေဖို့ မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပိုမိုရိုးရှင်း၊ လုံခြုံစိတ်ချရအောင်၊ နေ့စဉ်ဘဝတွေရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာအောင်လည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါ တယ်။ ဒီအထဲမှာ ပိုမိုကြီးမားကျယ်ပြန့်စွာချိတ်ဆက်နိုင်စွမ်း၊ အသေးစား၊ အလတ်စားလုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း၊ Micro-Entrepreneur တွေကိုအွန်လိုင်းပေါ်ရောက်လာအောင်လုပ်ခြင်း၊ ကနဦးလုပ်ငန်းတွေကို ပိုပြီးကျယ်ပြန့်တဲ့ဖောက်သည်များ ရရှိစေရေး၊ Enterprise တွေကိုလည်း Mobile-First လုပ်ဆောင်နိုင်စေရေး စတာတွေပါဝင်ပါတယ်။

ကျွန်တော်တို့က အွန်လိုင်းလုပ်ငန်းတွေအနေနဲ့ E-Commerce အရောင်းအဝယ်ဖြစ်မြောက်အောင် စူးစိုက်လုပ်ဆောင်ပေးသွားပါမယ်။ ပြီးတော့ အနာဂတ်အတွက်အဆင်သင့်ဖြစ်စေမယ့် Financial Ecosystem ကို KYC နဲ့ လုံခြုံရေးလုပ်ဆောင်ချက်တွေ အဆင့်တိုင်းထည့်သွင်းကာ တည်ဆောက်သွားမှာလည်းဖြစ်ပါတယ်။