Economist မဂ္ဂဇင်းကညွှန်းဆိုတဲ့၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးစီးပွားရေးကဏ္ဍက စာအုပ် ၅ အုပ်

Economist မဂ္ဂဇင်းကညွှန်းဆိုတဲ့၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးစီးပွားရေးကဏ္ဍက စာအုပ် ၅ အုပ်ဖော်ပြပေးလိုက်ပါတယ်။

၁။ Capitalism, Alone : The Future of the System That Rules the World
Branko Milanovic

Income distribution & Inequality နဲ့ ပတ်သက်လို့ ပညာရှင်တစ်ဦးဖြစ်သူစာရေးသူကအရင်းရှင်ဝါဒဟာ စီးပွားရေးစနစ်တွေအတွက် အဆုံးသတ်ဖြစ်နိုင်ပြီး လွတ်လပ်တဲ့ဒီမိုကရေစီစနစ်ရှင်သန်ဖို့အတွက် ဒါကကျဆုံးဖို့လိုအပ်ပါတယ်။ လွတ်လပ်တဲ့ အရင်းရှင်စနစ်ရှင်သန်တဲ့ လူမှုအသိုက်အဝန်းတွေမှာ အကျိုးအမြတ်ရဖို့အတွက်နဲ့ ရေရှည်ပွင့်လင်းပြီး လွတ်လပ်တဲ့အခြေအနေဖြစ်စေဖို့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးနေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းတွေကို တိုက်စားသွားပါလိမ့်မယ်။ အခုဆိုရင် ဒီလိုလူမှုအသိုက်အဝန်းတွေကို ပိုပြီးအာဏာရှင်ဆန်တဲ့ အရင်းရှင်လူမှု အသိုက်အဝန်းတွေ အထူးသဖြင့် တရုတ်လိုဖြစ်သွားစေဖို့ ပိုမိုအားပေးမှုတွေ၊ ဖြစ်နိုင်ခြေတွေရှိနေပြီဖြစ်ကြောင်းကို စာရေးသူကထောက်ပြပြောဆိုထားပါတယ်။ ဒီစာအုပ်ကို Belknap Press ကထုတ်ဝေထားတာဖြစ်ပါတယ်။ စာရေးသူဟာ အမေရိကန်-ဆားဘီးယန်း စီးပွားရေးပညာရှင်တစ်ဦး ဖြစ်ပါတယ်။

၂။ Open Borders : The Science and Ethics of Immigration
Bryan Caplan (သရုပ်ဖော် – Zach Weinersmith)

ထိရောက်တဲ့ ဝေဖန်သရုပ်ဖော်ကာတွန်းတွေဝေေ၀ဆာဆာနဲ့ ဒီစာအုပ်ဟာ စီးပွားရေးပညာပါမောက္ခတစ်ယောက်နဲ့ သရုပ်ဖော်ဆရာတစ်ယောက်တို့ရဲ့ ပူးပေါင်းမှုလက်ရာဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေက ပုံမှန်အားဖြင့် ထောက်ပြအားပြိုင်ကြလေ့ရှိတဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ကိစ္စရပ်များနဲ့ပတ်သက်လို့ ပြန်လည်ခုခံချေပတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို တွေ့ရမှာပါ။ တစ်ပြိုင်နက်တည်းမှာပဲ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ စံပြု လေးစားစရာကိစ္စရပ်တွေကို ခေါင်းကိုက်စရာအကြောင်းတွေအဖြစ် ဘယ်လိုပြောင်းလဲ ပစ်လိုက်နိုင်သလဲဆိုတာကိုလည်း ပြသထားတာတွေ့ရမှာပါ။ ဒီစာအုပ်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းက First Second ထုတ်ေ၀ရေးက အမေရိကန်မှာထုတ်ဝေခဲ့တာဖြစ်ပါတယ်။

စာရေးသူ Bryan Caplan က George Mason University က စီးပွားရေးပညာပါမောက္ခတစ်ဦးဖြစ်ပြီး လွတ်လပ်စွာရွှေ့ပြောင်းအခြေချမှုနဲ့ပတ်သက်လို့ ကမ္ဘာ့ထိပ်တန်းထောက်ခံအားပေးသူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ နယူးယော့ခ်တိုင်းမ်စ်ကနေ တစ်နှစ်တာအတွက် အကောင်းဆုံးနိုင်ငံရေးစာအုပ်အဖြစ် သတ်မှတ်ချီးမွမ်းခံရတဲ့ The Myth of the Rational Voter ဆိုတဲ့စာအုပ်ကိုရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ နယူးယော့ခ်တိုင်းမ်စ်၊ ဝါရှင်တန်ပို့စ်၊ ဝေါလ်စထရိဂျာနယ်နဲ့ သည်အက်တန်တစ်တို့မှာ စာတွေရေးသားလျက် ရှိပါတယ်။

သရုပ်ဖော်ဆရာ Zach Weinersmith ကလည်း နာမည်ကျော်လူကြိုက်များတဲ့ webcomic SMBC ကို ရေးဆွဲသူတစ်ဦးဖြစ်ပြီး ဟာသရုပ်သံအစီအစဉ် BAHFest ကို ဖန်တီးခဲ့သူပါ။ ပြီးတော့ သူဟာ နယူးယော့ခ်တိုင်းမ်စ်ရဲ့ရောင်းအားအကောင်းဆုံးနာမည်ကျော် သိပ္ပံစာအုပ် Soonish ကို ပူးတွဲရေးသားသူလည်းဖြစ်ပါတယ်။

တန်ဖိုး ၁၉.၉၉ ဒေါ်လာ
စာမျက်နှာ – ၂၅၆ မျက်နှာ

၃။ Narrative Economics: How Stories Go Viral and Drive Major Economic Events
Robert Shiller

နိုဘယ်ဆုရှင်တစ်ဦးဖြစ်တဲ့ စာရေးသူကအများပြည်သူရဲ့ အကြောင်းအရင်းစွဲအမြင်တွေက စီးပွားရေးဦးတည်ရာတွေကို ဘယ်လိုပြောင်းလဲစေတာလဲဆိုတာကို ဖော်ထုတ်ရှာ ဖွေထားတာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ သင်္ချာ နည်းနာမော်ဒယ်တွေကပေါက်ပွားလာတဲ့ စီးပွားရေးရလဒ် အေးစက်စက်တွေလက်ကလွတ်တဲ့ ခံစားသိရှိနိုင်ပြီး လက်ခံနိုင်ဖွယ်အဖြေတွေကိုရရှိခဲ့ပါတယ်။ ဒီစာအုပ်ကို Princeton University Press က ထုတ်ဝေထားတာဖြစ်ပါတယ်။

စာရေးသူ Robert J. Shiller က Narrative Economics ဆိုတာကို ရှင်းလင်းအဓိပ္ပာယ်ဖွင့်ဆိုထားတာ ကိုလည်း ဒီစာအုပ်ထဲမှာတွေ့ရမှာဖြစ်ပါတယ်။ အများ ပြည်သူကြားထဲ နာမည်ကျော်လူသိများတဲ့ အဖြစ်အပျက် အကြောင်းအရာများအဖြစ် စိတ်ကူးအကြံဉာဏ်တွေက စိမ့်ဝင်ပျံ့နှံ့ပြီး ဈေးကွက်ကို အရွေ့ဖြစ်ပေါ်စေပါတယ်။ နည်းပညာကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတွေရဲ့ဈေးနှုန်း က အတက်ချည်းပဲရှိတယ်၊ အိမ်ခြံမြေဆိုတာ ဘယ်တော့ မှ ဈေးမကျဘူး၊ တချို့ကုမ္ပဏီတွေ ကြီးလွန်းအားကြီးလို့ လဲပြိုဖို့ဆိုတာမဖြစ်နိုင်ဘူး စသဖြင့် အမျိုးမျိုးသော အ ကြောင်းခြင်းရာတွေဖြစ်နိုင်ပါတယ်။ မှန်တယ်၊ မှားတယ် ဆိုတာထက် ဒီလိုအဖြစ်အပျက်၊ အကြောင်းအရာတွေက တစ်ယောက်စကား တစ်ယောက်နားနဲ့ပဲဖြစ်ဖြစ်၊ သတင်း မီဒီယာတွေကြောင့်ပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာတွေကြောင့် ပဲဖြစ်ဖြစ် အများပြည်သူတွေရဲ့ ဘယ်မှာ၊ ဘယ်လို ရင်း နှီးမြှုပ်နှံမလဲဆိုတဲ့၊ ဘယ်လောက်ငွေသုံးပြီး ဘယ်လောက် တော့စုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတွေအပြင် အခြားသော ဆုံးဖြတ်ချက်အမျိုးမျိုးအပေါ်မှာ လွှမ်းမိုးကာ စီးပွားရေး လောကကို အပြောင်းအလဲဖြစ်စေပါတယ်။ စီးပွားရေး ပညာရှင်တွေကတော့ ဒီလိုအကြောင်းအရာတွေရဲ့ မြင် သာတဲ့အရေးကြီးမှုအပေါ် အနည်းငယ်မျသော အာရုံစိုက် ကြပါတယ်။ Narrative Economics ဆိုတာကတော့ ဒီလို သတင်းအကြောင်းအရာတွေက စီးပွားရေးအဖြစ်အပျက် တွေကတစ်ဆင့် စစ်ပွဲတွေဖြစ်နိုင်တဲ့အထိ တွန်းအားပေး သွားစေတယ်၊ အစုလိုက်အပြုံလိုက် အလုပ်ပြုတ်သွားစေ နိုင်တယ်၊ မညီမျမှုတွေ တိုးပွားလာနိုင်စေတယ်ဆိုတာကို နားလည်နိုင်စေဖို့ အခြေခံနည်းလမ်းကို ပြောင်းလဲချ မှတ်ပေးသွားတာပဲဖြစ်ပါတယ်။

စာရေးသူဟာ နယူးယော့ခ်တိုင်းမ်စ် ရောင်းအား အကောင်းဆုံးစာအုပ် Irrational Exuberance ကို ရေးခဲ့ သူလည်းဖြစ်ပါတယ်။ သူက Yale University ရဲ့ အမြင့် ဆုံးအဆင့် Academic Rank ဖြစ်တဲ့ Sterling Professor of Economics လည်း ဖြစ်ပါတယ်။
တန်ဖိုး ၂၇.၉၅ ဒေါ်လာ
စာမျက်နှာ – ၄၀၀ မျက်နှာ

၄။ Schism: China, America, and the Fracturing of the Global Trading System
Paul Blustein

အမေရိကန်ရဲ့ ကုန်သွယ်မှုသမိုင်းကြောင်းမှ တရုတ်နဲ့ဆက်ဆံရေးအကြောင်း ခရေစေ့တွင်းကျ စိတ်ဝင်စားဖွယ် ရေးသားထားဖြစ်ပါတယ်။ မျက်မှောက်အခြေအနေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကိုဖြစ်ပေါ်လာစေဖို့အတွက် လုံလောက်တဲ့ နောက်ကြောင်းရာဇဝင်ကို ရှင်းပြပေးထားပါ တယ်။ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့လည်း ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာကိုလည်း ထုတ်ဖော်ပြ သထားပါတယ်။ ဒီစာအုပ်ကို CIGI Press နဲ့ McGill-Queen’s Universtity Press တို့ နှစ်ခုကနေ ထုတ်ဝေထားပါတယ်။

စာရေးသူ Paul Blustein က Centre for Inter-national Governance Innovation- CIGI မှ Senior Fellow တစ်ယောက်ဖြစ်ပြီး ဝါရှင်တန်ပို့စ်နဲ့ ဝေါလ်စထရိဂျာနယ် တို့မှာလည်း Staff writer အဖြစ် လုပ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
တန်ဖိုး ၂၇.၉၅ ဒေါ်လာ
စာမျက်နှာ – ၄၀၀ မျက်နှာ

၅။ Good Economics for Hard Times : Better Answers to Our Biggest Problems
Abhijit Banerjee & Esther Duflo

ဒီစာအုပ်ဟာ MIT (Massachusetts Institute of Techn-ology) စီးပွားရေးပညာပါမောက္ခနှစ်ဦးဖြစ်တဲ့ Abhijit V. Banerjee နဲ့ Esther Duflo တို့ရဲ့ ဒုတိယမြောက်စာအုပ် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ အမေရိကမှာ PublicAffairs ထုတ်ဝေရေးမှလည်းကောင်း၊ အိန္ဒိယမှာ Juggernaut Books ထုတ်ဝေရေးမှလည်းကောင်း၊ အင်္ဂလန်မှာ Allen Lane ထုတ်ဝေရေးမှလည်းကောင်း တစ်ပြိုင်နက်တည်း ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ (၂၀၁၁ ခုနှစ်တုန်းက သူတို့ရဲ့ ပူးတွဲပထမစာအုပ်ဖြစ်တဲ့ Poor Economics: A Radical Rethinking of the Way to Fight Global Poverty ကို ရေးသားထုတ်ဝေခဲ့ပါသေးတယ်။

ဒီပါမောက္ခနှစ်ဦးဟာ ၂၀၁၉ ခုနှစ်၊ အောက်တို ဘာလအတွင်းမှာ Harvard University မှ ပါမောက္ခတစ် ဦးဖြစ်တဲ့ Michael Kremer နဲ့အတူ စီးပွားရေးပညာ နိုဘယ်ဆုပူးတွဲရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီစာအုပ်မှာ စာရေးသူနှစ်ဦးဟာ မျက်မှောက် ခေတ်ကမ္ဘာ့စီးပွားရေးဆိုင်ရာ ပြဿနာအမျိုးမျိုး၊ စီးပွား ရေးကစလို့ လူမှုအသိုက်အဝန်းအသီးသီးကြား ပွတ်တိုက် မှုတွေ၊ ရွှေ့ပြောင်းအခြေချမှုတွေ၊ ဝင်ငွေမညီမျမှုတွေ၊ သဘာဝပတ်ဝန်းကျင်အပြောင်းအလဲတွေ၊ စီးပွားရေးတိုး တက်မှုနှေးကွေးလာခြင်းတွေနဲ့ ကမ္ဘာအနှံ့ဖြစ်စဉ်တွေ၊ နည်းပညာကြောင့် အလုပ်များပပျောက်ဆုံးရှုံးရမှတွေ အထိ အမျိုးမျိုးသောအကြောင်းအရာတွေကို ကိုယ်တွေ့မျက်မြင်အဖြစ်အပျက်များအပေါ်အခြေခံကာ သုတေသ နပြုလုပ်ထားတဲ့ အချက်အလက်များထဲက ဖြေရှင်းနိုင်မယ့် အဖြေတွေနဲ့ပတ်သက်လို့ ကောက်ချက်ချထားကြတာ ဖြစ်ပါတယ်။

စာရေးသူ ပါမောက္ခနှစ်ဦးဟာ randomized controlled trial လို့ခေါ်တဲ့ ကုထုံးအသစ်တစ်ခုရဲ့အကျိုး သက်ရောက်မှုကို စမ်းသပ်တဲ့အခါမှာ တစ်ဖက်ဘက်ကို အစွဲနဲ့ဘက်လိုက်မှုမျိုးမဖြစ်စေဖို့ လျော့ချနိုင်ဖို့ ရည်ရွယ် တဲ့ သိပ္ပံနည်းက စမ်းသပ်ချက်တစ်မျိုးကို သုံးတဲ့နေရာမှာ နာမည်ကျော်သူတွေဖြစ်ပါတယ်။

တန်ဖိုး ဒေါ်လာ ၃၀
စာမျက်နှာ – ၄၃၂ မျက်နှာ