Warning: Use of undefined constant WP_HOME - assumed 'WP_HOME' (this will throw an Error in a future version of PHP) in /var/www/com.ceo-myanmar/wp-content/themes/news/inc/hooks.php on line 83
advertisement-image
Books

bk

So Good They Can’t Ignore You’
by Cal Newport

ဖြစ်ချင်တဲ့စိတ်ပြင်းပြနေရုံနဲ့ မလုံလောက်ပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ကျွမ်းကျင်မှု တစ်ခုခုကို လိုတယ်ဆိုတာ တင်ပြထားပါတယ်။

Creativity, Inc.

Pixar Animation Studios နဲ့ Walt Disney Animation Studios တို့ရဲ့ President ဖြစ်တဲ့ Ed Catmull က ဒီအချိန်မှာ Pixar က အင်အားကြီးတဲ့ကုမ္ပဏီတစ်ခု ဘယ်လိုဖြစ်လာတယ်ဆိုတဲ့အကြောင်းကို ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုတွေနဲ့ စွန့်ဦးတီထွင်မှု နည်းလမ်းကောင်းများစွာ ပါဝင်ပါတယ်။ နောက်ပြီး ဒီစာအုပ်ဟာ Mark Zuckerberg ရဲ့ အကြိုက်ဆုံး စာအုပ်တွေထဲက တစ်အုပ်လည်း ဖြစ်ပါတယ်။
Posted On January 27, 2017, By Editorial

The Effective Executive

The Effective Executive by Peter Drucker Drucker ဟာ ခေတ်သစ်စီမံခန့်ခွဲမှုသီအိုရီကို ဖော်ထုတ်သူတစ်ဦးအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီစာအုပ်ဟာဆိုရင် စီမံခန့်ခွဲမှုအရာရှိတွေကို အချိန်စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်ချက်ချမှုပိုင်းမှာ တိုးတက်အောင် ကူညီပေးမှာဖြစ်ပြီး အဖွဲ့အစည်းကို ကောင်းမွန်စွာ ဦးဆောင်လာနိုင်စေပါတယ်။ ဒီစာအုပ်ဟာဆိုရင် ဘီလီယံနာတစ်ဦးဖြစ်သူ Amazon ရဲ့ CEO Jeff Bezos က သူ့ရဲ့ စီနီယာမန်နေဂျာတွေကို မဖြစ်မနေဖတ်ခိုင်းတဲ့ စာအုပ်သုံးအုပ်ထဲက တစ်အုပ်ဖြစ်ပါတယ်။
Posted On January 18, 2017, By Editorial

Things Hidden Since The Foundation of the World

Things Hidden Since The Foundation of the World by Rene Girard ဘီလီယံနာတစ်ဦးဖြစ်တဲ့ PayPal တွဲဖက်တည်ထောင်သူ Peter Thiel က ပြင်သစ်တွေးခေါ်ပညာရှင် Girard ဟာ သူ့ကိုလွှမ်းမိုးမှုအရှိဆုံး စာရေးဆရာတစ်ဦးလို့ ဆိုပါတယ်။ ဒီစာအုပ်ဟာဆိုရင် လူတွေရဲ့အပြုအမှုတွေရဲ့ နောက်ကွယ်က တခြားသူရဲ့အပြုအမူတွေကို တုပထားတဲ့အကြောင်း ရှင်းပြထားပါတယ်။ ဒါအပြင် ဒီစာအုပ်ထဲက အတွေးအခေါ်တွေဟာ Silicon Valley မှာ လက်တွေ့အသုံးချနိုင်တယ်လို့ Peter Thiel က ယုံကြည်ပါတယ်။
Posted On January 11, 2017, By Editorial

The Fountainhead

The Fountainhead by Ayn Rand ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်ဘီလီယံနာ Mark Cuban က ဒီစာအုပ်ကို စွန့်ဦးတီထွင်သမားတိုင်း ဖတ်သင့်တယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ထဲမှာ တစ်ဦးချင်းစီနဲ့ အစုအဖွဲ့ကြားက ဖိစီးမှုတွေကို အဓိကဖော်ပြထားပါတယ်။ လူငယ်ဗိသုကာပညာရှင်တစ်ဦးဟာ ကျော်ကြားမှုနဲ့ ချမ်းသာမှုတို့ကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ရိုးရာအယူအဆတွေကို လက်မခံခဲ့တာကို ရေးဖွဲ့ထားပါတယ်။
Posted On January 11, 2017, By Editorial

To Kill a Mockingbird

To Kill a Mockingbird by Harper Lee ၁၉၆၀ ပြည့်နှစ်လောက်မှာ Lee ရေးခဲ့တဲ့ ဒီစာအုပ်ဟာဆိုရင် အမေရိကန် ကျောင်းသား ကျောင်းသူတွေကို ဘက်လိုက်မှုနဲ့ တရားမျှတမှုအကြောင်းတွေကို သင်ကြားပေးခဲ့ပါတယ်။ ဘီလီယံနာတစ်ယောက်ဖြစ်တဲ့ အော်ပရာ ၀င်းဖရေးဟာ သူငယ်စဉ်အချိန်မှာ ဒီစာအုပ်ကိုဖတ်ခဲ့တာကြောင့် အရွယ်ရောက်လာချိန်မှာ Book Club တစ်ခုကို ဖွင့်လှစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ''ကျွန်မ ဒီစာအုပ်ကို ကျွန်မ ကိုးတန်းအရွယ်လောက်မှာ ဖတ်ခဲ့တယ်။ တခြားသူတွေကိုလည်း ဒီစာအုပ်ကိုဖတ်ဖို့ တိုက်တွန်းခဲ့တယ်။ အခုထိလည်း ကျမမှာ အဲဒီစာအုပ်ရှိတယ်။ သေချာပါတယ်။ နောက်လည်း ကျွန်မ ဒီစာအုပ်ကို အကြိမ်ကြိမ် ဖတ်ဖြစ်နေဦးမယ်ဆိုတာ…'' လို့ ပြောပါတယ်။
Posted On January 11, 2017, By Editorial

The Aeneid

The Aeneid by Virgil Facebook တည်ထောင်သူ Mark Zuckerberg က ဒီလက်တင်ကဗျာတွေကို သူအင်မတန်နှစ်သက်တယ်လို့ ပြောပါတယ်။ ဒီစာအုပ်ဟာဆိုရင် ထရိုဂျန်စစ်သည် Aeneid ရဲ့ ရောမအင်ပါယာကြီးကို ရှာပုံတော်ဖွင့်ခဲ့တဲ့ ခရီးစဉ်အကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။ စာအုပ်ထဲမှာ မိမိရဲ့ အိပ်မက်နောက်ကိုလိုက်ပြီး မရမက ကြိုးစားရုန်းကန်တဲ့ စိတ်နေစိတ်ထားကိုတွေ့ရပြီး စွန့်ဦးတီထွင်သူတွေကို  တွန်းအားပေးနေပါတယ်။
Posted On January 6, 2017, By Editorial

The Hitchhiker’s Guide to the Galaxy

The Hitchhiker's Guide to the Galaxy by Douglas Adams ဒီစာအုပ်ဟာဆိုရင် သိပ္ပံစိတ်ကူးယဉ်စာအုပ်ဖြစ်ပြီး ဘီလီယံနာစွန့်ဦး တီထွင်သူတစ်ဦးဖြစ်တဲ့ Elon Musk ရဲ့ ငယ်စဉ်ဘ၀က ခံစားရတဲ့ သူ့ဖြစ်တည်မှုနဲ့ပတ်သက်တဲ့ စိတ်ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ စာအုပ်ထဲမှာဆိုရင် စူပါကွန်ပျူတာတစ်လုံးဟာ အဓိပ္ပာယ်ရှိတဲ့ ဘ၀ဆိုတာရဲ့အဖြေကို မူလမေးခွန်းတွေက သိပ်မရှင်းလင်းမတိကျပေမယ့် ဂဏန်း ၄၂ တစ်ခုတည်းနဲ့ ဆုံးဖြတ်ပါတယ်။ ''တစ်ခါတစ်ရံ ဘ၀မှာ အဖြေထက် မေးခွန်းက ပိုပြီးခက်ခဲတယ်ဆိုတာ သိသာထင်ရှားတဲ့အချက်ဆိုတာကို ဒီစာအုပ်က မီးမောင်းထိုးပြနေတယ်” လို့ Musk က အင်တာဗျူးတစ်ခုမှာ ဆိုပါတယ်။ ''မင်းဟာ မေးခွန်းတစ်ခုကို မှန်မှန်ထုတ်နိုင်မယ်ဆိုရင် အဖြေဆိုတာ လွယ်ကူတဲ့အပိုင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီစကြ၀ဠာကြီးတစ်ခုလုံးမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ပိုပြီးတော့သိလေလေ၊ […]
Posted On December 27, 2016, By Editorial

Making the Modern World

Making the Modern World by Vaciav Smil ဒီစာအုပ်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာပါမောက္ခ Vaciav Smil က ရေးသားခဲ့ပြီး လူတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေ အသုံးပြုမှု၊ ရုပ်ဝတ္ထုပစ္စည်းနောက် လိုက်မှုတွေများပြားလာတဲ့အတွက် ကုန်ကျစရိတ်များပြားလာကြောင်းနဲ့ အနာဂတ်မှာ ရုပ်ဝတ္ထုဦးစားပေးမှု လျှော့ချရမယ့်အလားအလာအကြောင်း အဓိကဆွေးနွေးထားပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ဦးဖြစ်တဲ့ Bill Gates က ''Smil ဟာ ကျွန်တော်သိပ်ကိုကြိုက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ သူ့စာအုပ်ဟာ ဒီနေ့ခေတ်ရဲ့လူနေမှုဘ၀နဲ့ပတ်သက်တဲ့ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အသိအမြင်အသစ်တွေကို ပေးပါတယ်'' လို့ ပြောပါတယ်။ ''လူအများစုက ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ပတ်သက်လာရင် ဘယ်လောက်လိုအပ်ပြီး ဘယ်လောက်သုံးရမယ်ဆိုတာ သိပ်မတွေးကြပါဘူး။ ဒါပေမဲ့ ဒါက ကမ္ဘာ့အဆင်းရဲဆုံးလူသားတွေကို သူတို့ရဲ့ဘ၀တွေ တိုးတက်အဆင်ပြေဖို့အတွက် ကူညီနိုင်တဲ့အချက်ဖြစ်ပါတယ်'' လို့ Gates က ဆိုပါတယ်။ ''လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း အမေရိကန်နဲ့ […]
Posted On December 27, 2016, By Editorial

The Innovator’s Dilemma

The Innovator's Dilemma by Clayton Christensen Apple ရဲ့ ဘီလီယံနာတစ်ယောက်ဖြစ်တဲ့ Steve Jobs ကတော့ Christensen ရဲ့ ဒီစာအုပ်ကနေ Inspiration ရခဲ့ပါတယ်။ အထူးသဖြင့် Christensen က ကုမ္ပဏီတစ်ခုဟာ နည်းပညာပိုင်းကို တီထွင်မဆန်းသစ်တော့တာနဲ့ ကိုယ့်ဖောက်သည်တွေ လိုအပ်ချက်ကို မဖြည့်နိုင်တဲ့အခါ ရှုံးနိမ့်သွားတတ်ကြောင်း တင်ပြဆွေးနွေးထားပါတယ်။ ဒါကြောင့် Apple ဟာ iPod နဲ့ တူညီတဲ့လုပ်ဆောင်ချက်တွေ ရှိပေမယ့် ဈေးကွက်တင်ဖို့ မတွန့်ဆုတ်ခဲ့ဘူး။ ဒါကြောင့် Apple က ဘာကြောင့် Cloud Computing ကို သုံးဖို့လိုအပ်သလဲဆိုတဲ့အပေါ် Steve Jobs ရှင်းပြခဲ့တာက ''ကျွန်တော်တို့တွေ အခုလိုအပြောင်းအလဲတစ်ခုကို လုပ်လိုက်တာ အင်မတန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ Clayton Christensen […]
Posted On December 22, 2016, By Editorial

The Intelligent Investor

The Intelligent Investor by Benjamin Graham Graham ကို ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ဖခင်ကြီးအဖြစ် သိကြပါတယ်။ ဘီလီယံနာတစ်ယောက်ဖြစ်တဲ့ Warren Buffett က သူရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါ Graham ရဲ့ စာအုပ်ထဲက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွေးခေါ်မှုတွေရဲ့ အခြေခံအချက်အလက်တွေက ကိုးကားတယ်လို့ဆိုပါတယ်။ သူဟာ Graham ရဲ့ စာအုပ်တွေကို သူ့အသက် ၁၉ နှစ်အရွယ်ကတည်းက စဖတ်ခဲ့ပါတယ်။ ဘ၀မှာ အောင်မြင်စွာ ရင်းနှီးမြှုပ်နှံဖို့ဆိုရင် IQ တွေ၊ စီးပွားရေးထိုးထွင်းဉာဏ်ရှိတဲ့ နည်းစနစ်ဘောင် (Intellectual Framework) အတွင်းက ဆုံးဖြတ်ချက်ချနိုင်ရမယ်။ ဒီနည်းစနစ်ဘောင်ကနေ သွေဖည်မသွားအောင် စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်တဲ့စွမ်းရည်ရှိရမယ်။ ဒီစာအုပ်ဟာဆိုရင် သင့်တော်မှန်ကန်တဲ့ နည်းစနစ်ဘောင်တွေ ချမှတ်နိုင်ဖို့ ရှင်းရှင်းလင်းလင်း တိတိကျကျဖော်ပြထားပါတယ်။
Posted On December 7, 2016, By Editorial
1 3 4 5 6 7 12