ဘန်ကောက်၊ ဒွန်မောင်းလေဆိပ်ကတဆင့်ချိတ်ဆက်ပျံသန်းပေးမယ့် Air Asia ရဲ့ Fly-Thru ၀န်ဆောင်မှု

01 copy

ဘန်ကောက်၊ ဒွန်မောင်းနိုင်ငံတကာ လေဆိပ်ကနေတစ်ဆင့် အခြားခရီးစဉ် နေရာတွေကို ချိတ်ဆက်ပျံသန်းလိုတဲ့ Air Asia  ခရီးသည်တွေအတွက် အလွယ်တကူ ကူးပြောင်းခရီးသွားနိုင်မယ့် Fly-Thru  ၀န်ဆောင်မှုကို Air Asia က မိတ်ဆက်လိုက်ပါတယ်။ ရန်ကုန်မြို့က ခရီးသည်တွေအနေနဲ့ ဖူးခက်၊ ဟိုချီမင်းစီး တီး၊ ဟောင်ကောင်၊ မကာအိုနဲ့ ဆီရန်ရိမြို့တွေကို  ဘန်ကောက်ကနေတဆင့် ချိတ်ဆက်ပျံသန်းမယ့် ခရီးစဉ်တွေကို စီနင်းလိုက်ပါနိုင်ပြီဖြစ်ပါတယ်။

ခရီးသည်တွေအနေနဲ့ Fly-Thru  လေယာဉ်လက်မှတ်တွေကို www.airasia.com  နဲ့ တရားဝင်ခရီးသွားဝန်ဆောင်မှုစင်တာတွေ အားလုံးမှာ နိုဝင်ဘာလ ၅ ရက် ကစတင်ပြီး ကြိုတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ Fly-Thru ၀န်ဆောင်မှုတွေဟာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်ကစပြီး အကျုံးဝင်မှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၅ ရက်ကနေ ၁၇ ရက်အတွင်း ကြိုတင်ဝယ်ယူတဲ့ Fly-Thru လေယာဉ်လက်မှတ်တွေကို ၂၀ ရာခိုင်နှုန်းအထိ ဈေးလျော့ရောင်းချထားပြီး ခရီးသွားကာလကတော့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ကနေ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်အထိ ဖြစ်ပါတယ်။ ပိုမိုသိရှိလိုပါက  www.airasia.com ၊ ဒါမှမဟုတ် နီးစပ်ရာ Air Asia  ခရီး သွားဝန်ဆောင်မှုစင်တာတွေမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။