စတုတ္ထအကြိမ်မြောက် ပလုတ်တုတ် ကလေးပန်းချီပြပွဲ
ပလုတ်တုတ် ကလေးဂျာနယ် ၁၉ နှစ်ပြည့် အထိန်းအမှတ်အနေနဲ့ပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် ပလုတ်တုတ် ကလေးပန်းချီပြပွဲဖွင့်ပွဲကို မေလ ၂၂ ရက်နေ့က ယဒဿ န်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ TODAY Group of Companies မှ BOD ဦးရန်နိုင်မှ အမှာစကားပြောကြားခဲ့ပြီး ဆရာ စမ်းချောင်း ကိုကိုအောင်မှ ဂုဏ်ပြုစကား ပြောကြားပေးခဲ့ပါတယ်။ ကလေးများကိုယ်တိုင် ပါဝင်နိုင်တဲ့ အနုပညာလုပ်ရှားမှုတစ်ခုအဖြစ် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဒီ ကလေးပန်းချီပြပွဲကို မေလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ ပူးပေါင်းကူညီပံ့ပိုးပေးသူတွေကတော့ Premier Milk Powder နဲ့ Chewies ကလေးအားဆေးတို့ပဲဖြစ်ပါတယ်။ ပွဲမှာ အနုပညာရှင်ကလေးငယ်ပေါင်း ၉၂ ဦးရဲ့ ပန်းချီကား ၁၀၆ ကားကို ပြသထားတာဖြစ်ပါတယ်။