1st Myanmar Bartenders’ Competition

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမဆုံးကျင်းပသော မြန်မာ ဘားတန်ဒါပြိုင်ပွဲဖြစ်ပါတယ်။ ဟိုတယ်များ၊ Bar များမှ ကျွမ်းကျင်ပညာရှင်များပါဝင်ယှဉ်ပြိုင်မှုအများဆုံးပွဲဖြစ်ပြီး အင်းယားလိတ်ဟိုတယ်ဝင်းအတွင်းရှိ DJ Bar တွင် ဇွန်လ ၃ ၇က်နှင့် ၄ ရက်နေ့များမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင် များအသင်းမှကြီးမှူးကျင်းပတဲ့ဒီပွဲမှာ ကုန်ကြမ်းပစ္စည်းများ၊ အသုံးအဆောင်များနှင့် နည်းပညာဆိုင်ရာများအတွက် Quarto Product နှင့် Monin Syrup၊ Venue Sponsor အဖြစ် DJ Bar၊ Diamond Sponsor အဖြစ် Johnnie Walker တို့မှ ပံ့ပိုးကူညီမှာဖြစ်တဲ့အတွက် စာနယ်ဇင်းရှင်းလင်းပွဲနှင့်အတူ Sponsor များနှင့် လက်မှတ်ရေးထိုးပွဲကို နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ Dolphin Restaurant တွင် ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူများအနေနဲ့ Standard Cocktail အပြင်ကိုယ်ပိုင် Create လုပ်ထားသော Cocktail ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ ပြိုင်ပွဲတွင် အရွေးခံရသူ သုံးဦးသည် ဆုအပြင် AHRA-ASEAN အာဆီယံနိုင်ငံများမှ အဖျော်ပညာရှင်များပါဝင်မည့်ပြိုင်ပွဲ (AHRA-ASEAN Bartenders’ Competition 2014) တွင် ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပြိုင်ပွဲကတော့ ဇွန်လ ၂၀ ရက်နေ့တွင် MCC Hall မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

article landscape wartermark final12 article landscape wartermark final7 article landscape wartermark final5 article landscape wartermark final1