1st Myanmar Bartender’s Competition 2014 မှ ဆုရရှိသူများ
မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်အဖြစ် 1st Myanmar Bartenders’ Competition ကို အင်းလျားကန်ဟိုတယ်ဝန်းအတွင်းရှိ DJ’s Bar မှာ ဇွန်လ ၃ ရက်နေ့က စတင်ကျင်းပခဲ့ပါတယ်။ Bartender ပြိုင်ပွဲကို ဇွန်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့ နှစ်ရက်ကျင်းပခဲ့ပြီး ပထမနေ့တွင် ပြိုင်ပဲဝင်၁၈ ယောက် ၊ ဒုတိယနေ့တွင် ကျန် ပြိုင်ပွဲဝင် ၁၈ ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုနှင့် အတူ ဆုချီးမြှင့်ခြင်းအစီအစဉ်ကိုပါပြုလုပ်ခဲ့ပါတယ်။ 1st Myanmar Bartender ရဲ့ Champion အဖြစ် Unior Bar&Grill မှ ကျော်ဇင်ထွန်း(Kelvin)၊ 1st runner up ဆုကို မပြုံးသော်တာဘုန်း (Belmond Governor’s Residence)၊ 2nd runner up ဆုကို Leo ဖြိုး၊ Creativity Award ဆုကို မဇွန်ဖူးဝေနှင့် Flair Award ကို Kelvin မှ ထပ်မံဆွတ်ခူးရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အတွက် MRA အသိအမှတ်ပြု မြန်မာနိုင်ငံရဲ့ တီထွင်ဆန်းသစ်မှုအရှိဆုံးနှင့် လက်ရာအမြောက်ဆုံး Cocktail အမျိုးအစားအဖြစ်ရွေးချယ်ခံရခြင်းဖြစ်ပြီး MRA မှ တစ်နိုင်ငံလုံးရှိ Bar များတွင် MRA 2014 Cocltails အဖြစ်ထည့်သွင်းရောင်းချသွားမှာဖြစ်ပါတယ်။ ဆုရရှိသူ သုံးဦးအနေဖြင့် 11th AHRA/ASEAN Bartender Championship 2014 ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဆုရရှိသူတွေနဲ့ပတ်သက်ပြီး ဒိုင်တစ်ဦးက သတ်မှတ်ချိန်အတွင်း တည်ငြိမ်စွာဖြင့် အကျွမ်းကျင်ဆုံးဖျော်စပ်ပြနိုင်ပြီး ယုံကြည်မှုရှိရှိ ယှဉ်ပြိုင်ခဲ့တဲ့အတွက် ဆုရရှိခဲ့တာပါလို့ မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။