အွန်လိုင်းအစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း Foodpanda အားမြန်မာနိုင်ငံတွင် မိတ်ဆက်

ကမ္ဘာ့ ထိပ်တန်း အွန်လိုင်း အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Delivery Hero ရဲ့ ကုမ္ပဏီခွဲ Foodpanda အား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်က ရန်ကုန်မြို့ Time City Outdoor Area မှာ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့တွင်း စားသောက်ဆိုင်ပေါင်း ၁၀၀၀ ကျော်မှ အစားအသောက်များကို နေ့စဉ် မနက် ၈နာရီမှ ည ၁၀ နာရီအတွင်း အလွယ်တကူ မှာယူသုံးဆောင်နိုင်မယ့် အပြင် မည်သည့် ပမာဏမှာယူသည်ဖြစ်စေ Free Delivery ဝန်ဆောင်မှုကိုလည်း ပေးသွားမှာ ဖြစ်ပါတယ်။

အစားအသောက်မှာယူရာမှာလည်း လုပ်ငန်းစဉ်များကို လွယ်ကူရိုးရှင်းအောင် ပြုလုပ်ပေးထားတဲ့အတွက်ကြောင့် မှာယူချင်သူတွေအနေနဲ့ Foodpanda အက်ပလီကေးရှင်းနဲ့ www.foodpanda.com..mm မှာ ဝင်ရောက်ကြည့်ရှုမှာယူနိုင်မှာဖြစ်ပါတယ်။