• Home
  • About Us
  • Blog
  • CEO Forum
  • Job
  • Advertise With Us
  • Multimedia
  • Print Edition
  • Contact
  • Job
  • Register
  • Log In
facebook
linkedin
twitter
google_plus
  • News
    • ASEAN
    • BRICS
    • Events
      • MEF
      • Seminar
    • International News
    • Local News
  • Articles
    • Ethics
    • Executive Q & A
    • Feature
    • Health
  • Profile
    • Interviews
    • New Business
  • Tourism
    • Tourist Arrival
  • Trade & Investment
    • FDI
  • Property
  • Management
  • Technology
  • Books
  • Leisure
    • Executive Cartoon
    • Golf
    • Karaoke & Club
    • Spa
  • Opinion
    • Commentary
    • Editor’s letter
    • Letters to Editor
  • About Us

ကမ္ဘာကျော်အမှတ်တံဆိပ် ၁၇ ခုရဲ့ အနက်အဓိပ္ပာယ်

Posted On 27 Dec 2017
By : Editorial
Comment: 0

Adidas ၊ Apple ၊ BMW ၊ Coca Cola ၊ Toyota အစရှိတဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေကို အမြဲလိုလိုမြင်တွေ့နေရပေမယ့် အဲဒီအမှတ်တံဆိပ်တွေရဲ့ အနက်အဓိပ္ပာယ်ကို တကူးတက မတွေးတောမိကြပါဘူး။ အရောင်၊ ဒီဇိုင်းတိုင်းရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်ကိုယ်စီရှိကြပါတယ်။ Logo တော်တော်များများရဲ့ မူရင်းအဓိပ္ပာယ်တွေက တီထွင်ဖန်တီးထားတဲ့ ဒီဇိုင်းအလှတရား ထက်သာလွန်ပါတယ်။ သင်လုံးဝသတိမထားမိတဲ့ နာမည်ကြီးအမှတ်တံဆိပ် ၁၇ ခုရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကတော့ . . .

brand1

HYUNDAI

HYUNDAI ရဲ့ Logo ကို လူတော်တော်များများက သူ့ရဲ့ ပထမစာလုံး H လို့ပဲ ထင်နေကြပါတယ်။ တကယ်တော့ အဲဒီစာလုံး H က Client နဲ့ HYUNDAI အရောင်းကိုယ်စားလှယ်တို့ လက်ဆွဲနှုတ်ဆက်နေကြတဲ့ပုံ ဖြစ်ပါတယ်။

brand2

Adidas

Adidas ဆိုတဲ့နာမည်က Adidas တည်ထောင်သူ Adolf Dassler ကို အစွဲပြုမှည့်ခေါ်ထားတာပါ။ ကုမ္ပဏီရဲ့ Logo တွေကို အမြဲလိုလိုအသစ်တီထွင်နေပေမယ့် Logo တိုင်းမှာ အစင်းကြောင်းသုံးခု အမြဲပါဝင်နေတာကို တွေ့ရမှာပါ။ တြိဂံပုံသဏ္ဌာန်အစင်းကြောင်းသုံးခုပါတဲ့ လက်ရှိ Logo က တောင်တန်းကို ကိုယ်စားပြုတာဖြစ်ပြီး အားကစားသမားတွေ နေ့စဉ်နေ့တိုင်းရင်ဆိုင်ကြုံတွေ့ရမယ့် Challenges တွေကို ဆိုလိုချင်တာဖြစ်ပါတယ်။

brand3

APPLE

APPLE Logo ဒီဇိုင်းပညာရှင် Rob Janoff က သူဒီဇိုင်းဖန်တီးဖြစ်ပုံကို အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ပန်းသီးတစ်ခြင်းဝယ်လိုက်ပြီး ရိုးရှင်းလှပတဲ့ ဒီဇိုင်းရဖို့ ပန်းသီးတစ်လုံးချင်းစီကို တစ်ပတ်အတွင်းမှာ စမ်းဆွဲကြည့်ပါတယ်။ အဲဒီထဲမှာမှ ပန်းသီးကိုတစ်ကိုက် ကိုက်လိုက်တာက သူ့အတွက် အကြံဉာဏ်ကောင်းရစေခဲ့ပါတယ်။ Bite ကိုက်တယ်ဆိုတဲ့ စကားလုံးက ကွန်ပျူတာဝေါဟာရတစ်ခု Byte နဲ့လည်း ကိုက်ညီနေတဲ့အတွက် ဒီ ဒီဇိုင်းကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

brand4

VAIO

VAIO Logo ရဲ့ ပထမစာလုံးနှစ်လုံး VA က Analog Wave ကို ဆိုညွှန်းတာဖြစ်ပြီး နောက်ဆုံးနှစ်လုံး IO က နံပါတ် 1 နဲ့ 0 နဲ့ဆင်တူကာ ဒစ်ဂျစ်တယ်အချက်ပြစနစ်တစ်ခုနဲ့ တူညီနေပါတယ်။

brand5

Amazon

ရုတ်တရက်ကြည့်လိုက်ရင်တော့ Amazon ရဲ့ Logo က ဘာမှမထူးဆန်းပေမယ့် ကုမ္ပဏီရဲ့ဒဿနနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ လိမ္မော်ရောင်မြားလေးက အပြုံးနဲ့ဆင်တူပြီး Customer တွေကို စိတ်ကျေနပ်မှုအပြည့်ရစေလိုတဲ့ သဘောပါ။ မြားလေးကို A ကနေ Z ထိ ဆွဲထားတာက Amazon မှာ Customer တွေလိုချင်တဲ့ အရာမှန်သမျှကို ၀ယ်ယူနိုင်တဲ့သဘော ဖြစ်ပါတယ်။

brand6

Baskin Robbins

BR ရဲ့ ပန်းရောင်ခြယ်ထားတဲ့ အပိုင်းလေးက 31 ဖြစ်ပြီး Baskin Robbins မှာရရှိနိုင်တဲ့ Ice-cream အရသာတွေကို ညွှန်းဆိုချင်တာပါ။ သင်ကော ဒါတွေကို မြည်းကြည့်ပြီးပြီလား။

brand7

TOYOTA

လူတော်တော်များများက ဒီ Logo ကို ဦးထုပ်ဆောင်းထားတဲ့ Cowboy တစ်ယောက်အနေနဲ့ မြင်ကြပါတယ်။ တကယ်တော့ အပ်တစ်ချောင်းရဲ့ထိပ်မှာ အပ်ချည်မျင်ထည့်ထားတဲ့ ပုံဖြစ်ပါတယ်။ သူတို့အရင်တုန်းက ရက်ကန်းရက်စက်တွေ ထုတ်လုပ်ခဲ့ဖူးတဲ့ပုံရိပ် ဖြစ်ပါတယ်။ ဒါအပြင် Logo ရဲ့ အစိတ်အပိုင်းတစ်ခုချင်းကလည်း TOYOTA နာမည်ကို ဖော်ပြနေပါတယ်။

brand8

Continental

နာမည်ကြီးကားတာယာထုတ်လုပ်ရေး Continental ရဲ့ Logo မှာ အရှေ့စာလုံး C နဲ့ O ကို ကားဘီးပုံစံ တီထွင်ထားပါတယ်။ ရိုးရှင်းပြီး လေးနက်တဲ့ဒီဇိုင်းပုံစံပါ။

brand9

Formula 1

F နဲ့ အနီရောင်အစင်းကြောင်း အလယ်နားလေးကို သေချာကြည့်ရင် နံပါတ် 1 ပုံမြင်ရမှာဖြစ်ပါတယ်။ အနီရောင်အစင်းကြောင်းလေးက Formula 1 ကားတွေရဲ့ အမြန်နှုန်းကို ကိုယ်စားပြုတဲ့ သင်္ကေတလေးပါ။

brand10

Pinterest

Pinterest မှာ လူတွေက သူတို့ကြိုက်နှစ်သက်တဲ့ ပုံတွေကို အင်တာနက်ကနေတစ်ဆင့် စုဆောင်းထားကြပြီး သူတို့ရဲ့ Online Board မှာ ချိတ်ထားကြပါတယ်။ ဒါကြောင့် ပင်အပ်ပုံကို P စာလုံးအထဲမှာ မြှုပ်ထားတာဖြစ်ပါတယ်။ ရိုးရှင်းပြီးမြင်သာတဲ့ ဒီဇိုင်းလေးပါ။

brand11

Beats

Audio ပစ္စည်းသီးသန့်ထုတ်တဲ့ Beats ရဲ့ Logo က B စာလုံးဖြစ်ပြီး Headphones ပုံသဏ္ဌာန် တီထွင်ထားပါတယ်။

brand12

Toblerone

ဆွစ်ဇာလန်နိုင်ငံ၊ Bern မြို့အခြေစိုက်၊ Toblerone ရဲ့ Logo မှာ ၀က်ဝံပုံလေးပါနေတာက Bern မြို့ကို ၀က်ဝံမြို့လို့ တင်စားခေါ်ဝေါ်တတ်ကြလို့ဖြစ်ပါတယ်။ မြို့ထဲက အဆောက်အအုံတွေမှာပါ ၀က်ဝံရုပ်ပုံတွေ ထွင်းထုထားတာတွေ့ရမှာဖြစ်ပါတယ်။

brand13

BMW

BMW Logo ရဲ့အလယ်တည့်တည့်က အရာလေးကို လေရဟတ်လည်နေတဲ့ ပုံစံလို့လည်း သတ်မှတ်ကြပါတယ်။ ဒီကုမ္ပဏီက အရင်ကလေကြောင်းလိုင်းဆိုင်ရာကုမ္ပဏီဖြစ်ခဲ့လို့ တင်စားခေါ်ဝေါ်ကြတာပါ။ တကယ်တော့ အဲဒီအရာလေးက Bavarian အလံဖြစ်ပြီး ကုမ္ပဏီအခြေစိုက်ရာ ဂျာမနီနိုင်ငံကို ကိုယ်စားပြုတာဖြစ်ပါတယ်။

brand14

LG

တောင်ကိုရီးယားလျှပ်စစ်ကုမ္ပဏီ LG Logo က လူတစ်ယောက်ရဲ့မျက်နှာပုံကို ရည်ညွှန်းနေပါတယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့ Customer တွေနဲ့ အကောင်းဆုံးဆက်ဆံရေးကို ထိန်းသိမ်းထားလိုတဲ့သဘော ဖြစ်ပါတယ်။

brand15

Evernote

ဆင်တွေကို မှတ်ဉာဏ်အားကောင်းတဲ့ သတ္တ၀ါတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ မျက်နှာတွေ၊ ပွဲတော်တွေကိုပါ မှတ်သားထားနိုင်တဲ့ သူတို့ရဲ့အရည်အချင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မှတ်စုရေးမှတ်ထားနိုင်တဲ့ Evernote Application ရဲ့ Logo ကို ဆင်ရုပ်လေးနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ ဆင်ရဲ့နားရွက်နားကို ခေါက်ထားတာက လူတွေစာဖတ်တဲ့အခါမှာ အရေးကြီးတဲ့အပိုင်းတွေကို မှတ်စုပြန်ထုတ်ရင် စာရွက်ထိပ်ပိုင်းကို ခေါက်ထားတတ်ကြလို့ပါပဲ။

brand16

Coca-Cola

နာမည်ကျော်ကြားလူသိများတဲ့ Coca-Colaရဲ့ Logo မှာတော့ O နဲ့ L စာလုံးကြားမှာ Danish ဒိန်းမတ်နိုင်ငံအလံကို ထင်ထင်ရှားရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြောက်ဥရောပနိုင်ငံမှာ ဈေးကွက်စီးပွားချဲ့ထွင်ဖို့အတွက်ပါ တီထွင်ထားသလိုပါပဲ။

brand17

Pepsi

Pepsi က သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ အဓိပ္ပာယ်ပေါ်လွင်စေမယ့် စပါယ်ရှယ် Logo ရဖို့ ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံထားတာဖြစ်ပါတယ်။ ဒီဇိုင်းအသစ်မှာ ဆန်းကြယ်ပြီး နက်နဲတဲ့သဘောတရားတွေဖြစ်တဲ့ ကမ္ဘာ့သံလိုက်ဓာတ်ဆွဲငင်အား၊ Feng Shui ၊ Pythagoras သီအိုရီတွေပါဝင်ပြီး Mona Lisa ၊ Parthenon နဲ့ Rene Descartes တို့ကို မှီငြမ်းထားတာဖြစ်ပါတယ်။ အနီရောင်၊ အဖြူရောင်နဲ့ အပြာရောင်တွေကတော့ အမေရိကန်အလံကို ကိုယ်စားပြုထားတာပါ။

Email this page
  • google-share
Previous Story

Innovation & Myanmar ဆွေးနွေးပွဲ

Next Story

အထက်လူကြီးတွေနဲ့ Communication ကောင်းအောင် ဆောင်ရ၊ ရှောင်ရမယ့်အချက်တွေ

  • Advertise with Us

    Tag Cloud

    2014 article Asean ASEAN News Book BRICS business car CEO China Commentary CSR Dine & Wine ethics Executive Q&A Feature Golf health Highlight horoscope Hotel India International International News interview Investment IT Leisure Local local news Management Myanmar news opinion Profile Samsung Seminar Singapore Top Story tourism

    Contact Info

    အမှတ် (H) ၊ လှိုင်မြင်းမိုရ်ကန်လမ်း၊ ကန်ရိပ်မွန်အိမ်ရာ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
    ဖုန်း –၀၁ ၅၀၇၃၉၁ ~ ~၉၃ ၊ ဖက်စ် – ၀၁ ၅၀၇၃၉၀

    B(6) ၊ ၇၁ လမ်း၊ ၃၀ x ၃၁ လမ်းကြား၊ ဆောက်လုပ်ရေးတိုက်တန်း၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
    ဖုန်း – ၀၉၇၃၂၄၃၂၆၉ ၊ ၀၉၉၁၀၂၇၅၂၄

    Email : ceo.myanmar@gmail.com

    Print Edition

    Print Edition
  • Sitemap

    • About Us
    • Account
    • Advertise With Us
    • News
      • Local
      • ASEAN
      • BRICS
      • International
      • Events
        • Seminar
        • MEF
    • Articles
      • Feature
      • Ethics
      • Executive Q & A
      • Health
    • Profile
      • Interviews
      • New Business
    • Tourism
      • Tourist Arrival
    • Property
    • Management
    • Technology
    • Books
    • Executive Cartoon
    • Horoscopes
    • Opinion
      • Commentary
      • Editor’s letter
      • Letters to Editor
    • Forum
    • Blog
    • Contact
    • Multimedia
      • Videos
    • Print Edition
  • Copyright © 2015 CEO Myanmar. All Rights Reserved.