မြန်မာနိုင်ငံက UN Global Compact အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ဖိုရမ်နှင့် အဖွဲ့အ၀င်အသစ်လက်ခံခြင်း အခမ်းအနားကျင်းပ

1.12

34

56

78

UN Global Compact (UNGC) မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာရေးနဲ့ပတ်သက်ပြီး Advancing the UN Global Compact in Myanmar: Delivering prosperity and opportunity widely ဆိုတဲ့ခေါင်းစဉ်နဲ့ ဖိုရမ်ကို UMFCCI မှာ ဇန်န၀ါရီလ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး UNGC ရဲ့ ဒုတိယဥက္ကဌဖြစ်သူ Sir Mark Moody-Stuart က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က မြန်မာနိုင်ငံရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှုပိုင်းနဲ့ပတ်သက်ပြီး ကောက်နုတ်ပြောဆိုသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြည်တွင်း ကုမ္ပဏီ၂၅ ခုက UN Global Compact အဖွဲ့ဝင်အဖြစ် အဆိုပြုလွှာများ တင်သွင်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဦးစိုးသိမ်း၊ UNGC ရဲ့ ဒုတိယဥက္ကဌ Sir Mark Moody-Stuart နဲ့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့က အဆိုပြုလွှာများကို လက်ခံပေးခဲ့ကြပါတယ်။ ဆက်လက်ပြီး ပြည်တွင်းကုမ္ပဏီအသီးသီးနဲ့ တက်ရောက်လာကြ သူတွေက Job Creation၊ Trust building နဲ့ Responsible investment စတဲ့ Topic များနှင့်ပတ်သက်ပြီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။ အပိတ်အမှာစကားကို UMFCCI ရဲ့ ဥက္ကဌ ဦးဝင်းအောင်က ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။