SONY ရဲ့ Product အသစ် Xperia Z3 မိတ်ဆက်ပြသပွဲ

Sony Z3 -1

အောင်မြင်မှုတွေနဲ့ နိုင်ငံတကာမှာ နာမည်ရရှိပြီးသား Brand တစ်ခုဖြစ်တဲ့ SONY ကနေ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ SONY Xperia Z3 Product အသစ်မိတ်ဆက်ပြသပွဲကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂ ရက်က Sule Shangri-La Hotel မှာ ကျင်းပခဲ့ပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ Xperia Z3 ဟာဆိုရင် 7.3mm အထူရှိပြီး သာမန်ထက်နှစ်ဆရေစိုခံနိုင်ရည် တယ်လို့လည်း သိရပါတယ်။  ကင်မရာအနေနဲ့ 20.7 MP ၊ 1/ 2.3 Exmor RS နဲ့ 25 mm `G Lens´ တွေကိုသုံးထားတဲ့အတွက် အလင်းရောင်အားနည်းတဲ့ နေရာတွေမှာတောင် ပုံတွေကိုအကောင်းဆုံး ရရှိအောင်ရိုက်နိုင်တယ်လို့ သိရပါတယ်။  Xperia Z3 စီးရီးမှာတော့  Xperia Z3 ၊ Xperia Z3 Compact  ၊ Xperia Z3 Tablet Compact ဆိုပြီး Product သုံးမျိုးရှိပါတယ်။ Xperia Z3 ရဲ့ ဈေးနှုန်းကတော့ ၆၆၅၀၀၀ ကျပ်ဖြစ်ပြီးတော့ ကျန်တဲ့ Xperia Z3 Compact ၊ Xperia Z3 Tablet Compact တွေ့ရဲ့ ဈေးနှုန်းမထွက်လာသေးကြောင်း သိရပါတယ်။ အသေးစိတ်သိရှိချင်ရင်တော့ www.sonymobile.com/global-en/product/phones/xperia-z3/specifications/ မှာဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် ၀၁-၃၉၈၅၆၆ ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။

Sony Z3

Sony Z3 -11copy Sony Z3 -9 copy Sony Z3 -7 Sony Z3 -5 Sony Z3 -4 Sony Z3 -3