အလုပ်မှာ ကိုယ်ဘယ်လောက် Productive ဖြစ်လဲဆိုတာကို ဘယ်လိုပုံစံ၊ ဘယ်လိုနှုန်းနဲ့ တိုင်းတာသင့်ပါသလဲ

Productivity

ပထမဦးဆုံးပြောချင်တာက အလုပ်မှာ Productive ဖြစ်မဖြစ် ကိန်းဂဏန်းနဲ့ချပြပြီး တိုင်းတာလို့ရတဲ့အလုပ်မျိုးရှိသလို၊ ” ရော့… အင့်” ဆိုပြီး ဆုပ်ကိုင်လို့မရတဲ့ Productive မျိုးလည်း ရှိပါတယ်။

ဥပမာ – မြင်သာအောင်ပြောရရင် မော်တော်ကား တစ်နေ့ ဆယ်စီးအပြည့်အ၀ထုတ်ရမယ်လို့ လျာထားတာကို လျာထားတဲ့တိုင်း ဆယ်စီးအပြည့်အ၀ထုတ်နိုင်ပြီးတစ်ခါတစ် ရံ ဆယ်စီးကျော်ပြီးထုတ်နိုင်ရင် အဲဒီထုတ်တဲ့အဖွဲ့ကို Productive ဖြစ်တယ်၊ ကောင်းတယ်လို့ ပြောလို့ရပေမဲ့ HR ဌာနက ၀န်ထမ်းတွေကို Professional Skill တက်လာအောင် Human Resources Development Program တွေကို ရေးဆွဲပြီး လုပ်ကိုင်လာလို့ ၀န်ထမ်းတွေရဲ့ အရည်အသွေးတိုးလာတာကို ဘယ်လောက် Productive ဖြစ်တယ်။ Productivity ဘယ်လောက်တက်လာတယ်ဆိုတာ ယေဘုယျအားဖြင့် ပြောရခက်ပါတယ်။ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင်ပြရ ခက်တာပေါ့လေ။

ဒါကြောင့်လည်း Productivity ကို မြင်သာထင်သာဖြစ်လာအောင်ရယ်၊ လက်ဆုပ်လက်ကိုင်ပြနိုင်အောင်ရယ်၊ နှိုင်းယှဉ်ပြောနိုင်အောင်ရယ်လို့ အလုပ်အတော်များများမှာ Plan တို့၊ Target တို့ ချမှတ်ပြီး သတ်မျတ်ထားတဲ့ Plan Target အတိုင်း ၀င်ရင်၊ ဒါမှမဟုတ် ကျော်အောင် အကောင်အထည်ဖော်နိုင်ရင် Productive ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။

ဒါကြောင့် မေးခွန်းရှင်မေးတဲ့ ကိုယ်ဘယ်လောက် အလုပ်မှာ Productive ဖြစ်လဲဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ တိုင်းတာဖို့အတွက် ကိုယ်လုပ်ရမယ့် အလုပ်အတွက် ရှိသင့်ရှိထိုက်တဲ့ Plan Target တစ်ခုကို ချမှတ်ပြီး အဲဒီအပေါ်မှာ ကိုယ်ဘယ်လောက် Implement လုပ်နိုင်တယ်ဆိုတာ၊ တိုင်းတာရင် အဲဒါ Productive ဖြစ် မဖြစ် အဖြေပေါ်မှာပါပဲ။

အဲ…တစ်ခုတော့ ရှိတယ်။ ကိုယ့်ဟာကိုယ် သာသာထိုးထိုး Plan Target ကို လျှော့သတ်မှတ်ပြီးတော့ Productivity ကောင်းတယ်လို့တော့ ကျေနပ်နေလို့တော့ မရဘူးနော်။

ရဲမြင့် – စွန့်ဦးတီထွင်