MyAsia Consulting Co. Ltd ရဲ့ Mega Launch

အောက်တိုဘာ ၄၊ ရန်ကုန် – MyAsia Consulting Co Ltd က မြန်မာနိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းအမျိုးမျိုးနဲ့ ဒေသတွင်းလုပ်ငန်းစုများမှ အရည်အသွေးမြင့်မားပြီး အောင်မြင်နေသော လုပ်ငန်းစုများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး မိတ်ဆက်ခြင်းအခမ်းအနားကို UMFCCI မှာ ယနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ MyAsia Consulting Co Ltd အနေနဲ့ Lucky Bird Group of Companies ၊ Steel Stone Group of Companies ၊ Information Matrix Co Ltd နှင့် Win Thin & Associates တို့နှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာ မိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်တွေကတော့ Quick Heal Antivirus and System Security Software ၊ SCHIL ရဲ့ E-Governance and EDMS Software ၊ RINA ရဲ့ ISO Certifications နဲ့ MyAsia ရဲ့ Consultancy & Advisory Services နှင့် Training & Skill Development တို့ပဲဖြစ်ပါတယ်။ အခမ်းအနားမှာ ဦးမောင်မောင်သိန်း – ဒုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ Mr. Goutam Mukhopadhaya – မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ ဦးဝင်းအောင် – ဥက္ကဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တို့မှ အမှာစကားတက်ရောက်ပြောကြားပေးခဲ့ကြပါတယ်။

 

MyAsia Mega Launch3 MyAsia Mega Launch4 MyAsia Mega Launch5 MyAsia Mega Launch6 MyAsia Mega Launch7 MyAsia Mega Launch8 MyAsia Mega Launch9 MyAsia Mega Launch10 MyAsia Mega Launch1 MyAsia Mega Launch2