အခွန်နှင့်အကြံပေးခြင်းဆိုင်ရာ ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်း Grant Thornton က မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်မှုနဲ့ပတ်သက်ပြီး သတင်းစားရှင်းလင်းပွဲပြုလုပ်

1

2

 

လွတ်လပ်တဲ့အာမခံချက်ပေးခြင်း၊ အခွန်နဲ့ အကြံပေးခြင်းဆိုင်ရာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Grant Thornton International Ltd က မြန်မာနိုင်ငံမှာ  ရုံးခွဲဖွင့်လှစ်မှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ PARKROYAL Hotel  မှာ ပြုလုပ်ခဲ့ပါတယ်။

Grant Thornton Myanmar  ရုံးခွဲကို Mr Clayton Hebbard  က Managing Partner အနေနဲ့ ဦးစီးလုပ်ကိုင်မှာဖြစ်ပြီး အခွန်ဖြန့်ဝေခြင်းနဲ့ အကြံပေးလုပ်ငန်း တွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ စွန့်စားမှုတွေ၊ ကုမ္ပဏီဘဏ္ဍာရေး၊ တရားဥပဒေဆိုင်ရာဆေးပညာရပ်တွေနဲ့ စုံစမ်းရေးလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေ ပြန်လည်ရယူခြင်းနဲ့ ပြင်ပသို့ လုပ်ငန်းအပ်နှံခြင်းတို့အတွက် ၀န်ဆောင်မှုပေးခြင်း စတဲ့လုပ်ငန်း တွေကို ဦးစားပေးလုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက် ၁၂ လအတွင်းမှာ ၀န်ဆောင်မှုတွေကို တိုးချဲ့သွားမှာဖြစ်ပြီး ၀န်ထမ်းအင်အားကိုလည်း တိုးချဲ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအခြေစိုက် Grant Thornton ရုံးခွဲဟာ Grant Thornton  ကုမ္ပဏီကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုကွန်ယက်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့အတွက်  နိုင်ငံပေါင်း ၁၂၀ ကျော်မှာရှိတဲ့ လူပေါင်း ၃၈၅၀၀ ကျော်တို့ရဲ့ ကျွမ်းကျင်မှု နဲ့ အတွေ့အကြုံတွေကို ဆက်သွယ်ရယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။