Ethical Hacking and Penetration Testing in Real World သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Information Security နှင့် Networking နည်းပညာ ရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် လက်တွေ့အသုံးချ Ethical Hacking and Penetration Testing in Real World သင်တန်းကို၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ICT နှင့် ဆက်စပ် ထိတေ့လွုပ်ဆောင်နေသူများ၊ လုပ်ငန်းခွင်ဝင် Admin များ၊ Information Security စိတ်ဝင်စားသူများ၊ ရုံး၊ ဘဏ်၊ ဌာနဆိုင်ရာများရှိ CIO များ၊ CSO များအတွက် ဦးတည်ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း သိရပါသည်။ သင်တန်းပြီးဆုံးပါက ကမ္ဘာ့သိအမှတ်ပြု Ethical Hacking လက်မှတ်ဖြေဆိုကိုင်ဆောင်နိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းလည်း သိရပါသည်။  သင်တန်းကြေး သုံးသိန်းကျပ်ဖြစ်ပြီး MCPA Member ဖြစ်ပါက ၅၀ ရာခိုင်နှုန်း လျှော့ပေးမည်ဖြစ်ကြောင်း၊ သြဂုတ်လ ၂၂ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ကြောင်း သိရပါသည်။အသေးစိတ်သိချင်ရင်တော့ ဖုန်း ၀၁ ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်း ရရှိသည်။