Cute Fashion

CuteFashion1

ဆိုင်တည်နေရာ

Cute Fashion ဆိုင်ကို ၂၀၀၄ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ Junction နေပြည်တော်၊ Junction Square ၊ Junction ဇ၀န ၊ ရွှေဂုံတိုင် အုတ်လမ်းနဲ့ အမှတ် ၁၃၁၊ အခန်း ၈၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်တို့ ဖြစ်ပါတယ်။ ဖုန်းနံပါတ် ၀၉ ၄၉၂ ၆၆၄၀၂ ကို ဆက်သွယ်နိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်

ဆိုင်ဖွင့်ချိန်က မနက် ၉ နာရီကနေ ည ၈ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

စတင်ဖွင့်လှစ်တဲ့ ခုနှစ်နဲ့ ရည်ရွယ်ချက်

ဒီအင်းယားလမ်းက ဆိုင်ကိုတော့ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ၀တဲ့ Customer နဲ့ ဆိုဒ်နည်းနည်းကြီးတဲ့ လူတွေအတွက် ရည်ရွယ်ပါတယ်။ အေးအေးဆေးဆေးဝယ်ယူနိုင်ပြီး လူလတ်ပိုင်း၊ လူကြီးပိုင်း အမျိုးသမီးတွေနဲ့ Oversize တွေအတွက် အဓိက ရည်ရွယ်ပါတယ်။

ရနိုင်တဲ့ပစ္စည်းအမျိုးအစား

အမျိုးသမီးဝတ် အ၀တ်အထည်အမျိုးမျိုးဖြစ်တဲ့ ဘောင်းဘီ၊ အင်္ကျီ၊ စကပ်၊ ဂါဝန်နဲ့ ကုတ်အင်္ကျီတွေရနိုင်ပြီး ဘန်ကောက်နဲ့ကိုရီးယားက အ၀တ်အထည်တွေကို တင်သွင်းပါတယ်။ ပစ္စည်းအသစ်တွေအနေနဲ့ တစ်လမှာနှစ်ကြိမ် အမြဲတမ်းရောက်ပါတယ်။

ဈေးနှုန်းအပိုင်း

အနိမ့်ဆုံးနှစ်သောင်းလောက်ကနေ ခြောက်သောင်းကျော်လောက်ထိ အမျိုးအစားပေါ်မူတည်ပြီး အ၀တ်အထည် အမျိုးမျိုးရှိပါတယ်။

Promotion ၊ Discount

သီတင်းကျွတ်တို့၊ New Year တို့နဲ့ ပွဲတော်ရက်ကာလတွေမှာဆို ပရိုမိုးရှင်းတွေ လုပ်ပေးသလို အမြဲဝယ်တဲ့ Customer တွေကိုလည်း ဈေးနှုန်းလျော့ပေးပါတယ်။

CuteFashion2

အခြားဝန်ဆောင်မှုတွေ

Oversize တွေက တချို့လူတွေအတွက် သိပ်ပြီးအခက်အခဲဖြစ်တယ်လေ။ ဘန်ကောက်မှာလည်း အ၀ယ်တော် ရှိတဲ့အတွက် တချို့နိုင်ငံခြားထွက်မယ့်လူတွေနဲ့ ဘောင်းဘီ၊ အင်္ကျီ Oversize တွေကိုလည်း ဆိုင်မှာကြိုမှာထားရင် ၁၅ ရက်အတွင်း ရနိုင်ပြီး  ပစ္စည်းမှာယူရင်လည်း ၀န်ဆောင်ခ ထပ်မံပေးဖို့ မလိုပါဘူး။

အနာဂတ်အစီအစဉ်

ဆိုဒ်ကြီးသမားတွေအတွက် ပိုအဆင်ပြေအောင် လုပ်ဆောင်ပေးဖို့နဲ့ လူငယ် အ၀တ်အစား အသစ်အသစ်တွေလည်း တင်ပေးသွားဖို့ ရှိပါတယ်။