၂၀၁၄ ခုနှစ်အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် အရေးအကြီးဆုံးအရောင်

လုပ်ငန်းနယ်ပယ်များစွာအတွက် အ ရောင်စနစ်တွေ နှစ်စဉ်ဖော်ဆောင်ပေး တဲ့ကုမ္ပဏီ Pantone က လာမယ့် တစ်နှစ်တာအတွက် အရေးပါတဲ့အ ရောင်ကို ထုတ်ပြန်လိုက်ပါတယ်။ အခု ၂၀၁၄ ခုနှစ်အတွက် ရွေးချယ် လိုက်တဲ့အရောင်ကတော့ ရောင်စဉ်ဖြာ နေတဲ့ပန်းခရမ်းရောင် ဖြစ်ပါတယ်။ ဒီအရောင်ဟာ တီထွင်ဆန်းသစ်မှုကို ဖိတ်ခေါ်တဲ့ အရောင်ဖြစ်ပြီး ပိုမိုကျယ် ပြန့်တဲ့တီထွင်ဆန်းသစ်မှုနဲ့ ပင်ကို ဖန်တီးမှုကို အားပေးပါတယ်။ သာမန် ခရမ်းရောင်နဲ့ ဆင်တူတဲ့ဒီအရောင်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ နွေးထွေး မှုတို့ကိုလည်း ဖော်ကျူးပါတယ်။

Ref : AP