ASEAN Youth Concert ကျင်းပ

 

1 2 3 4 5

၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်ကရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာASEAN Youth Concert ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ ASEAN Youth Forum 2014 ကို ၁၇၊ ၁၈နဲ့ ၁၉ ရက်တို့မှာသုံးရက်တိတိအာဆီယံဆယ်နိုင်ငံကလူငယ်တစ်ရာခန့်နဲ့ မြန်မာနိုင်ငံတိုင်းဒေသကြီးနဲ့ပြည်နယ်ကိုယ်စားပြု လူငယ်အယောက်တစ်ရာခန့်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဖိုရမ်မှာဆွေးနွေးပြီးရရှိခဲ့တဲ့အချက်အလက်တွေကနေအာဆီယံလူငယ်ကြေငြာစာတမ်း(Yangon Declaration)ဆိုတဲ့ Statement တစ်စောင်ထွက်ရှိခဲ့တယ်လို့သိရပြီးဒီStatement ကိုမေလတွင်းမှာပြုလုပ်မယ့် ASEAN Summit မှာအာဆီယံခေါင်းဆောင်တွေဆီတင်သွင်းသွားမယ်လို့ဆိုပါတယ်။ ASEAN Youth Forum 2014ပိတ်ပွဲအဖြစ်ASEAN Youth Concert ကျင်းပတာဖြစ်ပြီးပွဲမှာNational Youth Congress ရဲ့ Coordinator ဖြစ်တဲ့ ကိုသက်ဆွေဝင်းကအဖွင့်အမှာစကားပြောကြားပေးခဲ့ပါတယ်။ တိုင်းရင်းသားအကများ၊ တေးဂီတများ၊ Documentary များနဲ့ တင်ဆက်ပြသသွားပါတယ်။