advertisement-image
Articles

ငွေကြေးပညာရှင်မဟုတ်သောမန်နေဂျာများအတွက်ငွေကြေးပညာ

ရဲညွန့် (မဟာဝိဇ္ဇာ၊ နိုင်-ဆက်) ယခင်လမှအဆက် ၂ဝ။ စဉ်းစားချင့်ချိန်မှုရှိသော ငွေကြေးဖြတ်တောက်မှုပြုလုပ်ပါ (Make Judicious Cuts) ကုန်ကျစရိတ်များအားလုံးမှ ၁၀ ရာခိုင်နှုန်း ဖြတ်တောက်ခြင်းသည် ရေတိုအတွက်ဖြေရှင်းသော နည်းလမ်းတစ်ခုဖြစ်သော်လည်း ရေရှည်တွင်မိမိအတွက် ခေါင်းကိုက်စရာများ ရှိလာလိမ့်မည်။ ဘတ်ဂျက်ရေးဆွဲရာတွင် မိမိသည်မန်နေဂျာတစ်ဦးအနေဖြင့် လွယ်ကူ၍လျင်မြန်သော ဖြေရှင်းနည်းကို အသုံးမပြုသင့်။ မိမိ၏တာဝန်မှာ တစ်နှစ်ပတ်လုံး လမ်းညွှန်အဖြစ်အသုံးပြုနိုင်မည့် လက်တွေ့ကျသောဘတ်ဂျက်ကို ဖန်တီးရန်ဖြစ်သည်။ မိမိပြုလုပ်ရမည်မှာ ကိန်းဂဏန်းများအား ပြန်လည်စိစစ်ပြီးနောက် မည်သည့်နေရာတွင် ထပ်မံဖြတ်နိုင်သည်ကို ရှာဖွေရန်ဖြစ်သည်။ ဘတ်ဂျက်ကို ပြန်လည်သုံးသပ်သည့်အခါ ထုတ်ကုန်တိုင်းသည် ကုမ္ပဏီ၏ရည်မှန်းချက်များကို အထောက်အကူပြုသည်၊ မပြုသည်ကို သေချာစေရန်ဖြစ်သည်။ မကိုက်ညီသော အသုံးစရိတ်များကိုလျှော့ချရမည်။ သာဓကအားဖြင့် စီမံခန့်ခွဲသူများကဝန်ထမ်းအသစ်များ ခန့်ထားရန်ရည်ရွယ်ချက်ဖြင့် ပရိုမိုးရှင်းလုပ်ဆောင်ချက်များအတွက် ကုန်ကျစရိတ်များထားရှိပါကထိုကုန်ကျစရိတ်များကို လျှော့ချနိုင်သည်။ ကုမ္ပဏီက စက်ကိရိယာအသစ်များဝယ်ယူရန် လျာထားပါက ဝယ်ယူမည့်အစားငှားရမ်းပါက ကုန်ကျစရိတ်များကျဆင်းသွားနိုင်သည်။ […]
Posted On December 14, 2020, By CEO Editors

အောင်မြင်သူတို့ပြုလေ့ရှိသော အချက်ပေါင်း ၁၀ဝ

အောင်ကို (တောင်ငူ) ယခင်လမှအဆက် ၂၁။ ပိုချစ်ပါ။ လုံလောက်သောမေတ္တာသာထားနိုင်ခဲ့လျှင် သင်သည်ကမ္ဘာပေါ်တွင် စွမ်းအားအထက်ဆုံးလူတစ် ယောက်ဖြစ်နိုင်သည်။ Emmet Fox သင့်အမြင်ပေါ်မူတည်၍ အချစ်သည်နှစ်သက်ဖွယ်ကောင်းသောအရာတစ်ခု သို့တည်းမဟုတ် စိတ်ရောဂါဝေဒနာတစ်မျိုးပင်ဖြစ်သည်။ အောင်မြင်သူများသည်ချစ်ခြင်းတရားကို အကျိုးပြုသောတွန်းအားကောင်းတစ်ခုအဖြစ်အားယူခဲ့ကြသူများ ဖြစ်သည်။ ကျွနု်ပ်လူအများအားသင်တန်းပေးရာတွင် ချစ်ခြင်းတရားကို တစ်ခဏတာချစ်ခြင်းနှင့် ကြာရှည်ထိန်းသိမ်းထားသော ချစ်ခြင်းဟူ၍တွေ့ကြုံမှုနှစ်ခုခွဲ၍ ရှုမြင်စေခြင်းကအထောက်အကူဖြစ် နိုင်ကြောင်း တွေ့ရှိရသည်။တစ်ခဏတာချစ်ခြင်းသည် ပုံစံအမျိုးမျိုးဖြစ်နိုင်သည်။ တဒင်္ဂအရူးအမူးချစ်ခြင်း၊ ခံစားချက်ဖြင့်ချစ်ခြင်း၊ လိုအပ်မှုကြောင့်ချစ်ခြင်း၊ တဏှာချစ်နှင့် ပိုင်ဆိုင်လိုသောကြောင့်ချစ်ခြင်း စသည်တို့အပါအဝင်ဖြစ်သည်။ အများအားဖြင့် တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာကို လိုချင်တမ်းတခြင်းမျိုးတွင် အခြေခံလေ့ရှိပြီး ထိုခံစားချက်သည်သင့်အားကြီးမားသော ကျေနပ်နှစ်သိမ့်မှုဖြစ်စေသော်လည်းတာရှည်တော့မခံပေ။ တာရှည်ခံစေရန် ပစ္စည်းအသစ် ဝယ်ပေးခြင်း၊ ရင်းနှီးပတ်သက်ခြင်း စသည်တို့ပြုလုပ်ပေးရမည်ဖြစ်သည်။ ဤအခိုက်အတန့်များနောက်သို့လိုက်နေခြင်းသည် သင့်စိတ်ထဲတွင် လစ်ဟာနေသောကွက်လပ်အားဖြည့်ဆည်းခြင်းသက်သက်မျှသာဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု အားနည်းခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းခြင်း၊ သို့မဟုတ် သင်ခံစားနေရသောအရာတချို့တို့၏ […]
Posted On December 14, 2020, By CEO Editors

၀န်ထမ်းတစ်ယောက်အနေနဲ့ အနာဂတ်မှာစီမံခန့်ခွဲသူမန်နေဂျာကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုစိတ်နေစိတ်ထား အရည်အချင်းလိုအပ်သလဲ

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်) စီးပွားရေးအဖွဲ့အစည်းတစ်ခုဟာ ကုမ္ပဏီတစ်ခုအဖြစ် အောင်မြင်တိုးတက်ဖို့ အရောင်းအဝယ်၊ ငွေရေးကြေးရေးတို့ကိုစီမံမှုအပြင် ဝန်ထမ်းတွေရဲ့အခြေခံအရည်အချင်းနဲ့ ရှေ့ရေးကိုစီမံခန့်ခွဲနိုင်မှု၊ အခက်အခဲကို ကြိုတင်ဖြေရှင်းနိုင်တဲ့ အရည်အချင်း၊ အတွေးအခေါ်တွေပါလိုပါတယ်။ အဲဒီလိုအရည်အချင်းတွေ ရှိလာဖို့လည်း ဝန်ထမ်းတွေမှာဆီလျော်တဲ့ အခွင့်အရေး၊ ခံစားခွင့်၊ သူ့ရာထူးအလိုက် လုပ်ပိုင်ခွင့်စတာတွေရဖို့လိုပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းတွေရဖို့ဆိုရာမှာ ဝန်ထမ်းတွေဟာမိမိရဲ့လုပ်ပိုင်ခွင့်နဲ့လုပ်ကိုင်မှုစွမ်းရည်ကို လိုလားအားထားပြီး တာဝန်ယူနိုင်မှု၊ အားထားခံရမှု၊ တာဝန်ပေးမှုကို မျှော်လင့်ကြပါတယ်။ ဝန်ထမ်းခန့်အပ်ဖို့ အစီအစဉ်ရှိပြီဆိုကတည်းက ပထမဦးစွာ Selection Interview မှာ အကဲခတ်နိုင်ပါတယ်။ မေးခွန်းတွေကို ဖြေတဲ့ပုံစံ၊ နားလည်-မလည်ပြန်မေးမှုတွေကို အကဲဖြတ် နိုင်ဖို့ အရေးကြီးပါတယ်။
Posted On December 14, 2020, By CEO Editors

ဝန်ထမ်းတွေအများကြီးကို အုပ်ချုပ်နေရသူခေါင်းဆောင်တွေအနေနဲ့ ရှောင်ရှားသင့်တဲ့စီမံခန့်ခွဲမှုအမှား ၃ ခု

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်) ဝန်ထမ်းတွေကိုအုပ်ချုပ်စီမံရတဲ့ ခေါင်းဆောင်တွေရှောင်ရှားသင့်တာ တစ်နည်းအားဖြင့် လုပ်သင်တဲ့အချက်တချို့ ကိုဖြေပေးရမယ်ဆိုရင် ဝန်ထမ်းတွေအများကြီးကို ခေါင်းဆောင်အုပ်ချုပ်ရဖို့ဆိုတာ သင့်တင့်တဲ့အဆောက်အဦးအတွင်းမှာ လုပ်ငန်းကိုဖွဲ့စည်းဖို့ဌာန၊ ကြီးကြပ်သူ၊ တာဝန်ယူတဲ့သူတွေနဲ့ပါ စနစ်တကျဖွဲ့စည်းမှုရှိရပါတယ်။ ဝိုင်းလုပ်ဝိုင်းစားပုံစံမျိုးဆိုရင်တော့ ပြဿနာတွေပေါ်မယ်။ အလုပ်လည်းတွင်ကျယ်မှာမဟုတ်ဘဲ မှားတဲ့၊ မမှန်တဲ့လုပ်နည်းပုံစံလို့ ပြောရမှာဖြစ်ပါတယ်။နောက်ထပ် မဖြစ်မနေလုပ်ရမယ့်ကိစ္စတစ်ခု တစ်နည်းအားဖြင့် မလုပ်ရင်အမှားလို့ဆိုရမှာကတော့ စနစ်ဇယားရှိတဲ့လုပ်ငန်းစဉ်၊ အလုပ်ချိန်၊ အလုပ်ပြီးစီးမှုတွေကို စစ်ဆေးကြီးကြပ်ရပါမယ်။ ရှိနိုင်တဲ့အခက်အခဲ နဲ့ပြဿနာတွေကို ရှင်းပေးရပါမယ်။ ဝန်ထမ်းဆက်ဆံရေးပြေလည်မှုရှိဖို့လည်း လိုအပ်ပါတယ်။ ထိန်းချုပ်အုပ်ချုပ်မှုရှိတာလည်း လူအများကြီးနဲ့ဆို အမှားဖြစ်နိုင်ပါတယ်။ အခြေအနေတစ်ခုလုံးကို သုံးသပ်စဉ်းစားမယ်ဆိုရင် ဝန်ထမ်းတွေအများကြီးနဲ့ စီမံခန့်ခွဲအုပ်ချုပ်လုပ်ကိုင်မှုဟာ ဘယ်လောက်ကုန်ကျမှုရှိသလဲ၊ စက်မှုလုပ်ငန်းပုံစံ၊ ကွန်ပျူတာတွေ ဆက်သွယ်မှုကွန်ယက်နည်း ပညာတွေသုံးပြီး လုပ်ရတဲ့ E-processing တွေစဉ်းစားသင့်ပြီလား၊ လိုအပ်လာနိုင်တဲ့ကိစ္စရပ်အမျိုးမျိုးအတွက် စဉ်းစားပြင်ဆင်သင့်တာတွေကို မလုပ်ရင်တော့ […]
Posted On December 14, 2020, By CEO Editors

အစုရှယ်ယာထည့်ဝင်ငွေနှင့် ဝင်‌ငွေခွန်

၂၀၂၀ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ၂၀၂၀ခုနှစ်၊ သြဂုတ်လ ၂၈ရက်နေ့က အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ဥပဒေပုဒ်မ ၂၅ ကို မူလဥပဒေကြမ်း (ဥပဒေကြမ်းပူးပေါင်းကော်မတီမှ ပြင်ဆင်ချက်မပြုလုပ်ရသေးသော)တွင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်ဟု ဖော်ပြထားပါသည်။ သို့သော် အတည်ပြုလိုက်သည့်အခါတွင်မူ နှုန်းထားအသစ်ဖြင့် ဆက်လက်သက်သာခွင့်ပေးထားသည်ကို တွေ့ရှိရပါသည်။ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေဆိုသည်မှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၄ အရ မည်သူမဆို မိမိမည်ကဲ့သို့ရရှိခဲ့သည်ကို အတိအကျမဖြေရှင်းနိုင်သည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း၊ သို့မဟုတ် ငွေအပါအဝင် ဖြစ်သော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းတစ်ရပ်ရပ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခေါင်းစဉ်ဖြင့် ယင်းပစ္စည်းတန်ဖိုး၊ သို့မဟုတ် ဝင်ငွေအပေါ်တွင် အခွန် ထမ်းဆောင်ရမည်။ ဤပုဒ်မအရဝင်ငွေကို […]
Posted On December 9, 2020, By CEO Editors

နားထောင်ကြပါ

ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ မန်နေဂျာဖြစ်လာပြီတာဝန်ကြီးလာပြီဆိုရင် များများပြောရမယ်လို့ယုံထားကြတယ်။ တကယ်လည်း ဆိုင်တာရောမဆိုင်တာရော၊ သိတာရော မသိတာရော၊ နားလည်တာရော နားမလည်တာရော၊ အားရပါးရပြောကြတယ်။ အများစုကသမိုင်းနဲ့ချီပြီး ကိုယ်ရည်သွေးလိုက်တယ်။ အချိန်လည်းကုန်၊ အကျိုးလည်းမရှိတော့ တစ်ခါတလေဘာကြောင့်ပြောမှန်းပြောတဲ့ သူလည်းသိပုံမရသလို နားထောင်ရမယ်ဆိုတဲ့သူတွေလည်း ဘာမှန်းမသိ အူကြောင်ကြောင်နဲ့ပြီးသွားတတ်ပါတယ်။ တကယ်ဆိုတော့ ရာထူးကြီးလာလေ တာဝန်ကြီးလာလေများများပြောဖို့ဆိုတာထက် များများဂရုတစိုက် နားထောင်တတ်ဖို့လိုအပ်တာပါ။ ဝန်ထမ်းခြောက်သောင်းကျော်ရှိတဲ့ Zurich Financial Service ရဲ့ CEO James J. Schiro က အင်တာဗျူးတစ်ခုမှာ သူ့လုပ်သက်တစ်လျောက်လုံးမှာ အရေးကြီးဆုံးခေါင်းဆောင်မှု အရည်အချင်းတစ်ခုကတော့ ‘နားထောင်တတ်ခြင်း’ (Ability to Listen) ဖြစ်တယ်လို့ဆိုပါတယ်။ Harvard စီးပွားရေးအစီရင်ခံစာ ၂၀၁၁ အရ နားထောင်ခြင်းနဲ့ စကားပြောခြင်းအချိုးဟာ အထူးသဖြင့် ဖောက်သည်တွေနဲ့ဆိုရင် ၁၀ : ၁ ရှိရမယ်ဆိုပါတယ်။ […]
Posted On December 8, 2020, By CEO Editors

The Rule of 150 ‘၁၅၀’ ဥပဒေ

လုပ်ငန်းခွင်အခြေအနေတစ်ခုတွင် ဝန်ထမ်း ၁၅၀ ထက်မပိုသည့်သတ်မှတ်ချက် ခြုံငုံသဘောတရား ဤဥပဒေ၏သဘောအရ လူအများဆုံး ၁၅၀ ထက်မပိုသောအရေအတွက်မှာ လူများဆက်ဆံရေးအတွက် ကောင်းသောအဖွဲ့ဟုဆိုလိုသည်။ ထိုထက်ပိုလျင် အခြားသူများနှင့် ရင်းနှီးရန်ခက်ခဲသည်။ လူပိုများလာလျင် အဆင့်များ၊ စည်းကမ်းများနှင့် တရားဝင်သတ်မှတ်ချက်များ လိုအပ်လာသည်။ အဖွဲ့များအနေဖြင့် လူအရေအတွက် ၁၅၀ ထက်နည်းလျင်လည်း ရည်မှန်းချက်များလွယ်ကူစွာရနိုင်ပြီး ပါဝင်သူများအနေဖြင့် လွယ်ကူပျော်ရွှင်စွာ အလုပ်ကို အားထုတ်စိတ်ပါကြသည်။ အကြောင်းရင်း အကြောင်းများမှာ မိတ်ဆွေများ၊ အပေါင်းအသင်းများ၊ စိတ်ကူးသစ်များနှင့် ပူးပေါင်းဖွဲ့စည်း၍ အကြံဉာဏ်များပေါင်းကြခြင်းမှာ အရေအတွက် ၁၅၀ ရှိသောအုပ်စုထက်မပိုလျင် လွယ်ကူသည်။ လုပ်ငန်းကြီးများအနေဖြင့် အဖွဲ့ ငယ်များဖွဲ့ပြီး နီးကပ်စွာတွဲ၍ အားထုတ်ကြိုးစားခြင်းဖြင့် အလုပ်တွင်ကျယ်သည်။ ဖွဲ့စည်းမှုအရွယ်တော်အဖွဲ့များဖြင့် လုပ်ကိုင်နေသော၊ ဝန်ထမ်းအရေအတွက်ထောင်ဖြင့်ချီ၍လုပ်နေသော အမေရိကန် Gore Associates နည်းပညာကုမ္ပဏီသည် ဝန်ထမ်း ၁၅၀ ထက်မကျော်သော […]
Posted On December 8, 2020, By CEO Editors

အဂတိပယ်ခွာပြည်သာယာ (၂၃)

အဆိုးကျော့သံသရာကို ဖြတ်တောက်ခြင်း အဂတိလိုက်စားမှုသည် စီးပွားရေးအဆောက်အအုံ၊ အုပ်ချုပ်ရေးအဆောက်အအုံ၊ နိုင်ငံရေးအဆောက်အအုံနှင့် လူမှုယဉ်ကျေးမှုအဆောက်အအုံတို့ကိုအောက်ခြေမှ လှိုက်စားဖျက်ဆီးတတ်ကြောင်း၊ ထိုမှတဆင့် လူ့အသိုက်အဝန်းအတွင်း၌ အစွန်းရောက်မှုများ၊ ပဋိပက္ခများနှင့်အဆိုးကျော့ သံသရာအဖန်ဖန်လည်နိုင်ကြောင်း စောစောပိုင်းကတည်းကတင်ပြထားခဲ့ပြီးဖြစ်ပါသည်။ထို့ကြောင့်အဂတိလိုက်စားမှုသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုလည်း လှိုက်စားဖျက်ဆီးနိုင်သည့်အပြင် ဒီမိုကရေစီ၏အလားအလာမျော်လင့်ချက်များကိုပါ မှေးမှိန်ကွယ်ပျောက်သွားစေနိုင်သည်ကို သံသယဖြစ်စရာမလိုပါ။ ဒီမိုကရေစီဆိုရုံမျဖြင့် အဂတိကူးစက်ရောဂါဆိုးဒဏ်ကိုမပြီးနိုင်ပါ။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၌ တာဝန်ယူမှုတာဝန်ခံမှုရှိရခြင်း၊ ပွင့်လင်းမြင်သာမှုရှိရခြင်း၊ အပြန်အလှန်ထိန်းကျောင်းမှု ရှိရခြင်းနှင့် လွတ်လပ်၍ဘက်မလိုက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးယန္တရားရှိ ခြင်းတို့ကြောင့်သာ ဒီမိုကရေစီကိုလှိုက်စားခြင်းမခံရအောင် ကာကွယ်ထားနိုင်ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်အဂတိလိုက်စားမှု ဒဏ်ဆိုးဆိုးဝါးဝါးခံစားနေရသောနိုင်ငံများတွင် မိမိတို့မြန်မာနိုင်ငံလည်းပါဝင်ပါသည်။ အဆိုပါနိုင်ငံများအနက် နိုင်ငံအချို့သည်အောက်ပါအကြောင်းပြချက်သုံးရပ်ဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် ပြတ်ပြတ်သားသားမတိုက်ဖျက်နိုင်ကြဘဲ မိမိကိုယ်ခံအားကိုသာအားကိုး လျက်ထိရောက်မှုမရှိသည့် ဆေးနည်းများကိုသာ အသုံးပြုနေကြကြောင်း တွေ့ရပါသည်- (၁) အဂတိလိုက်စားမှုများကိုတိုက်ဖျက်ရာတွင် မျော်လင့်မထားသော အကျိုးဆက်များဖြစ်ပေါ်လာနိုင်ခြင်း။ (၂) နဂိုကတည်းက အားနည်းနေသောဒီမိုကရက်တစ်အင်စတီကျုးရှင်းများအပေါ်တွင် ပြင်းထန်သော ရိုက်ခတ်ချက်များဖြစ်ပေါ်လာနိုင်ခြင်း။ (၃) […]
Posted On December 4, 2020, By CEO Editors

Online Class များမှာ ဆောင်ရန်၊ ရှောင်ရန် ၁၄ ချက်

အခုအချိန်က လူတိုင်း အွန်လိုင်းသင်ကြားရေး ပလက်ဖောင်းများကိုအသုံးပြုကာ ဘာသာရပ်အသစ်တွေ၊ မိမိတက်လက်စသင်တန်းကျောင်းတွေကို ပြန်လည်စတင်နေတဲ့ အချိန်ပါ။ ဒါကြောင့် ဒီအွန်လိုင်းသင်တန်းတွေတက်ရင် ဘာတွေကိုသတိထားရမယ်၊ ရှောင်ရမယ်၊ ဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ထွက်ပေါ်လာပါတယ်။ အခုအောက်မှာဖော်ပြပေးမယ့် ၁၄ ချက်ကတော့ အွန် လိုင်းသင်တန်းတက်သူတွေအနေနဲ့ အခြေခံကျတဲ့ လိုက်ရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေပဲဖြစ်ပါတယ်။ ၁။ လေသံနဲ့ အသုံးအနှုန်းကို သတိထားပါ။ Chat room တွေထဲမှာ အချင်းချင်း Message နဲ့ စကားပြောတဲ့အခါ စာလုံးအကြီးတွေချည်းနဲ့မသုံးပါနဲ့ (ALL-CPS) အဲဒါက အော်ပြောတယ်၊ မယဉ်ကျေးဘူးဆိုတဲ့ သဘောဆောင်ပါတယ်။ ဟာသတွေလည်းမလိုဘဲ ရေးပို့ပါနဲ့ ကိုယ်တကယ်ပြောချင်တဲ့အကြောင်းအရာ၊ မေးခွန်းကိုပဲ တိုတိုနဲ့လိုရင်းပြောပါ။ စာအပြင် စကားပြောတဲ့၊ Video file တွေတင်ရတဲ့အခါမှာလည်း ကိုယ်စကားပြောတဲ့လေသံအသုံးအနှုန်းကို ဂရုစိုက်ရပါမယ်။ တခြားသူပြောနေရင်ဖြတ်မပြောဖို့၊ သေချာနားထောင်ဖို့၊ […]
Posted On December 4, 2020, By CEO Editors

မြန်မာနိုင်ငံရဲ့ Digital၊ Mobile Payment များနှင့်ပတ်သက်လို့ MPU ရဲ့ CEO ဦးဇော်လင်းထွဋ်နှင့်တွေ့ဆုံမေးမြန်းခြင်း

လက်ရှိမြန်မာနိုင်ငံရဲ့ Digital Mobile Payment ပကတိ အနေအထား။ SEA နိုင်ငံများနှင့် နှိုင်းယှဉ်သုံးသပ်ချက်… ကိုဗစ်ပြီးတဲ့ကာလတွေမှာတော့ လူတွေကပိုပြီး တွင်တွင်ကျယ်ကျယ်သုံးလာတာကိုတွေ့ရတယ်။ ၂၀၁၉ ခုနှစ်လောက်မှာ ဘဏ်တွေကလည်းသူတို့ရဲ့ Mobile App တွေ၊ Mobile Pay တွေနဲ့ အတူတူစပြီးတော့ Mobile Payment လောကကိုဦးဆောင်လာကြတယ်။ ဒီလိုပဲ Telecom Mobile တွေဖြစ်တဲ့ Wave Money၊ M ပိုက်ဆံတို့ Telecom လည်းမဟုတ်၊ Bank လည်းမဟုတ်တဲ့ OK Dollar တို့လည်း ၂၀၁၉ ခုနှစ်မတိုင်ခင်ကတည်းကလုပ်နေခဲ့ကြတယ်။ ၂၀၁၉ ခုနှစ်မှာပိုတွင်ကျယ်လာပြီးတော့ ကိုဗစ်ကာလမှာဆိုရင် Pay တွေရဲ့ အခန်းကဏ္ဍကအရေးပါလာပြီးတော့ လူတွေပိုပြီးစိတ်ဝင်စားလာတယ်။ နိုင်ငံတော်ကလည်း ပိုပြီးစိတ်ဝင်စားလာတယ်။ အစိုးရ Payment တွေဖြစ်တဲ့ မီတာခဆောင်တာတို့၊ […]
Posted On December 4, 2020, By CEO Editors
1 4 5 6 7 8 94