မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ၂၀၁၃-၂၀၁၄ ခုနှစ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး

MRA 20
ဒီဇင်ဘာလ ၂၃ ရက်နေ့က Dolphin Restaurant မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ၂၀၁၃-၂၀၁၄ ခုနှစ် အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအုန်းမြင့် နှင့် မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်မှ ဒှဥက္ကဌ ဦးမောင်မောင်ဆွေတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အကြီးတန်းဒုဥက္ကဌ-၂ ဒေါ်တင်မာမြင့်မှ နှုတ်ဆက်စကားပြောကြားခဲ့ကာ တွဲဖက်အတွင်းရေးမှူး-၂ ဒေါက်တာနေဇော်အောင် မှ ၂၀၁၃- ၂၀၁၄ ခုနှစ်အတွက်အလုပ်အမှုဆောင် အဖွဲ့အစီရင်ခံစာကို ဖတ်ကြားခဲ့ပါတယ်။ ဘဏ္ဍာရေးမှူးဦးသန့်စင်ဦးက ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းဖတ်ကြား တင်သွင်းကာ အဖွဲ့ဝင် ၂ ဦးမှ အတည်ပြုပေးခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဌ-၄ ဦးနေလင်းမှ ရှေ့လုပ်ငန်းစဉ်များရှင်းလင်းပြောကြားကာ ဒုဥက္ကဌ-၁ ဦးခင်အောင်ထွန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါတယ်။
MRA 19MRA 18MRA 17MRA 16MRA 15MRA 14MRA 132
MRA 7
MRA 8MRA 11
MRA 12
MRA 6
MRA 4
MRA 3
MRA 2
MRA 1