အလုပ်အကိုင် အခွင့်အလမ်းပြပွဲနှင့် စက်မှုကုန်ထုတ်အထူးဈေးရောင်းပွဲတော်

article landscape wartermark final7

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ လှိုင်သာယာစက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီကနေ ကြီးမှုးကျင်းပတဲ့ အလုပ်အကိုင် အခွင့်အ လမ်းပြပွဲနဲ့ စက်မှုထုတ်ကုန် အထူးဈေးရောင်းပွဲတော်ကို ၂၀၁၄ ခုနှစ် မေလ ၉ ရက်နေ့က လှိုင်သာယာစက်မှုမြို့ မိုးလုံ၊ လေလုံ အားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲကို ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးလှမြင့်၊ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်၊ လှိုင်သာယာစက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးမြတ်သင်းအောင် တို့ကဖဲကြိုးဖြတ်ဖွင့်ပြီး အလုပ်သမား အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေတို့က စက်ခလုတ်နှိပ်ကာ ပြပွဲကိုဖွင့်လှစ်ပေးခဲ့ပါတယ်။

အဆိုပါပြပွဲကို မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့ထိပြုလုပ် ကျင်းပမယ်လို့သိရပြီး Fame Pharmaceutica ၊ One Tea နို့ဆီ ၊ Rich Coffee ၊ GP Battery ၊ Tokyo Pipe အစရှိသည့် လုပ်ငန်းပေါင်း ၅၀ ခန့်ကနေပြီး ၀င်ရောက်ပြသပြီး ၀န်ထမ်းများကိုလည်း ခေါ်ယူလျှက်ရှိကြောင်း သိရှိရပါတယ်။ ပွဲမှာ အလုပ်လျှောက်လိုသူ များအနေနဲ့ တိုက်ရိုက်လျှောက်လွှာများတင်ပြီး အလုပ်များလျှောက်ထားနိုင်ကြောင်း သိရပါတယ်။

article landscape wartermark final10

article landscape wartermark final8

article landscape wartermark final13 article landscape wartermark final12  article landscape wartermark final5 article landscape wartermark final4 article landscape wartermark final3 article landscape wartermark final2 article landscape wartermark final1

article landscape wartermark final1

article landscape wartermark final2