လုပ်ငန်းခွင်မှာအများထက် ရှေ့ကဦးဆောင်နိုင်မယ့် အချက် ၁၀ ချက်

၁။ အလုပ်ရဲ့အဓိပ္ပာယ်ကို နားလည်အောင်လုပ်ပါ။
ကျွန်တော်တို့ဘဝရှင်သန်ချိန်ရဲ့ သုံးပုံတစ်ပုံဟာ အလုပ်လုပ်နေရပြီး အိပ်ချိန်မဟုတ်ဘဲ နိုးနေတဲ့အချိန်တွေရဲ့ တစ်ဝက်ကအလုပ်လုပ်တဲ့အချိန်ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကလူတွေနဲ့ သေငယ်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားနိုင်မယ်ဆိုရင်တောင် ဒါကလူတွေရဲ့ အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကို တိုးတက်စေရုံသာမကဘဲ လုပ်ငန်းခွင်မှာ ပိုပြီးပျော်ရွှင်စေမှာဖြစ်တယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို နိစ္စဓူဝလုပ်နေရတယ်ဆိုတဲ့ ခံစား ချက်မျိုးကို ကျော်လွန်သွားနိုင်အောင် စိတ်ကူးစိတ်သန်းတစ်ခု၊ ဒါမှမဟုတ် တန်ဖိုးထားမှု တစ်ခုခုနဲ့ချိတ်ဆက်ထားပါ။

အဲဒါက သင်ဘာအလုပ်လုပ်နေသလဲဆိုတာကို အရှိအတိုင်းထင်ဟပ်နေတာဖြစ်တယ်။ သင်ဘာအလုပ်ကိုပဲလုပ်လုပ် အဲဒီအလုပ်က သူများအတွက်အရေးပါသလို သင်ကိုယ်တိုင်အတွက်လည်း အရေးပါတဲ့အလုပ်ဖြစ်ဖို့ လိုပါတယ်။

၂။ လူတွေကို ယုံကြည်ပါ။
လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါ ပွင့်လင်းမြင်သာမှုနဲ့ ရိုးသားမှုရှိဖို့လိုအပ်ပြီး သူတို့ရဲ့သဘောထားအမြင်တွေကိုလည်း တင်ပြပြောဆိုခွင့်ပေးပါ။ တကယ်လို့ သင်အလုပ်လုပ်နေတဲ့ လုပ်ငန်းဟာ ဆိုင်သေးသေးလေးတစ်ခုပဲဖြစ်တယ်ဆိုရင်တောင် သင့်ရဲ့ဝန်ထမ်းတွေကို ယုံကြည်မှုထားပြီး ဆိုင်မှာဘာတွကို ပြောင်းလဲလိုက်ရင် ပိုပြီးကောင်းလာမလဲဆိုတာမျိုး သူတို့ရဲ သဘောထားအမြင်တွေကို အမြဲတမ်း မေးမြန်းသင့်ပါတယ်။ ဒါမှမဟုတ် ဒီလုပ်ငန်းဟာသူတို့ကိုယ်ပိုင်လုပ်ငန်းဆိုရင် ဘယ်လိုပြောင်းလဲမှုတွေ လုပ်မလဲဆိုတဲ့မေးခွန်းမျိုး ဝန်ထမ်းတွေကို မေးကြည့်သင့်ပါတယ်။

၃။ကိုယ့်ထက်ပိုတော်တဲ့လူတွေကိုပဲ အလုပ်ခန့်ပါ။
လုပ်ငန်းအဖွဲ့အစည်းတွေဟာ မကြာခဏဆိုသလို လူတော်တွေကို ရွေး ချယ်အလုပ်ခန့်ဖို့ထက် အလုပ်နေရာ လစ်လပ်မှုအတွက် မြန်မြန်ဆန်ဆန် အလုပ်ခန့်တာကိုပဲ ပိုပြီးအလေးထားကြပါတယ်။ ဒါပေမဲ့ အလုပ်ခန့်တဲ့အခါ အရည်အသွေးကိုဦးစားမပေးဘဲ စံချိန်တွေကိုလျော့ပြီး ပြီးစလွယ် အလုပ်ခန့်လိုက်တာဟာ ဘယ်တော့မဆို အမှားအယွင်းတစ်ခုဖြစ်နေမှာပါ။ အလုပ်ခန့်မှားတာဟာ အဆိပ်အတောက်ဖြစ်စေပြီး ကိုယ်ခန့်လိုက်တဲ့လူရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေရုံသာမကဘဲ သူ့အနားမှာရှိတဲ့သူတွေရဲ့ စွမ်းဆောင်ရည်၊ စိတ်ဓာတ်နဲ့ စွမ်းအားတွေကိုပါ ချိနဲ့စေပါတယ်။

အလုပ်ခန့်တဲ့အခါမှာ ကော်မတီဖွဲ့စည်း၊ လိုချင်တဲ့ စံချိန်စံညွှန်း ကြိုတင်သတ်မှတ်၊ စံနှုန်းတွေကို အလျော့အတင်းမလုပ်ဘဲ တစ်သတ်မတ်တည်း ထား၊ ကိုယ်အသစ်ခန့်လိုက်တဲ့လူတွေက အရင်ခန့်ထားတဲ့လူတွေထက် ပိုတော်သလားဆိုတာကို ပုံမှန်စစ်ဆေးစတဲ့အချက်တွေကိုဆောင်ရွက်ပါ။ တကယ်လို့ အရင်ခန့်ထားတဲ့ လူတွေနဲ့ သိပ်မထူးသေးဘူးဆိုရင် ပိုတော်တဲ့လူတွေရှာတွေ့တဲ့အထိ အလုပ်ခန့်တာကို ခဏဆိုင်းထားပါ။

၄။ တိုးတက်မှုကို စွမ်းဆောင်ရည်စီမံခန့်ခွဲမှုနဲ့ မရောထွေးပါနဲ့။
အအောင်မြင်ဆုံးလူတွေတောင် သင်ယူတဲ့အပိုင်းမှာ ရှုံးနိမ့်ပျက်ကွက်မှုတွေရှိကြပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို အသိအမှတ်ပြု ရင်ဆိုင်ဖြေရှင်းတာက မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်လို့ သင်က ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ်မှာ ဝေဖန်အပြစ်တင်မယ်ဆိုရင် တကယ်လို့ အမှားအယွင်းတစ်ခုခုဖြစ်သွားတာက သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို ထိခိုက်စေတယ်လို့ ဝန်ထမ်းတွေကခံစားမိရင် သူတို့အနေနဲ့ အမှားကနေ သင်ခန်းစာယူပြီး တိုးတက်ကြီးထွားဖို့ထက် ငြင်းခုံစောဒကတက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ဝန်ထမ်းတွေရဲ့ တိုးတက်ကြီးထွားမှုဆိုင်ရာဆွေးနွေးပြောဆိုမှုတွေကို လုံလုံခြုံခြုံနဲ့ အကျိုးရှိစေဖို့အတွက် အမြဲတမ်းပြုလုပ်သင့်ပါတယ်။ ခင်ဗျားဒီထက်အောင်မြင်ဖို့အတွက် ကျွန်တော်ဘာများကူညီပေးနိုင်မလဲဆိုတဲ့ စိတ်ထားမျိုးနဲ့ ဆွေးနွေးမှုတွေကို အမြဲတမ်းအစပြုပါ။

၅။ အညံ့ဆုံးဝန်ထမ်းတွေနဲ့ အတော်ဆုံးဝန်ထမ်းတွေကို အာရုံစိုက်ပါ။
လုပ်ငန်းခွင်ထဲမှာ အတော်ဆုံးဝန်ထမ်းတွေကို မျက်စိဒေါက်ထောက် လေ့လာပါ။ အခြေအနေ၊ ကျွမ်းကျင်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေရဲ့ ပေါင်းစပ်မှုကနေတစ် ဆင့် ဘယ်လိုထူးချွန်ပြောင်မြောက်အောင် လုပ်ရမယ် ဆိုတာကို သူတို့သဘောပေါက်ကြပါတယ်။ ဘက်စုံတော်တဲ့လူတွေကိုသာ အာရုံစိုက်တာမျိုး မဟုတ်ဘဲ သက်ဆိုင်ရာကဏ္ဍအလိုက် အထူးကျွမ်းကျင်သူတွေကို ခွဲခြားဖော်ထုတ်ပါ။ ပြီးတော့သူတို့ကို စံပြအနေနဲ့ အ သုံးပြုပါ။ တကယ်လို့ သင်ဟာ အဲဒီလိုလူတွေထဲက အချို့နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တယ်ဆိုရင် သူတို့ကို အနီးကပ်လေ့လာပြီး မေးခွန်းတွေကို အဆက်မပြတ်မေးပါ။ ပြီးရင် သူတို့ဆီကနေ အသိပညာတွေရဖို့ အခွင့်အရေးတိုင်းကို အသုံးချပါ။

တစ်ချိန်တည်းမှာပဲ စွမ်းဆောင်ရည်အညံ့ဆုံးဆိုတဲ့သူတွေကိုလည်း စာနာစိတ်ထားပါ။ သင်အလုပ်ခန့်မှန်ပေမယ့် သူတို့အနေနဲ့ စွမ်းဆောင်မှုကောင်းကောင်းရဖို့ ရုန်းကန်နေရတယ်ဆိုရင် သူတို့ရဲ့မကျွမ်းကျင်မှုကြောင့်မဟုတ်ဘဲ သူတို့ကို လူမှန်နေရာမှန် မထားနိုင်လို့ဖြစ်တယ်။ သူတို့အနေနဲ့ လေ့လာသင်ယူပြီး ကဏ္ဍအသစ်တွေကို တာဝန်ယူနိုင်ဖို့ ကူညီပေးပါ။ အဲဒါတောင်မှ ညံ့နေသေးတယ်ဆိုရင်တော့ ချက်ချင်းအလုပ်သာ ထုတ်လိုက်ပါ။ အဲဒီလိုလူတွေကို ဆက်ပြီး ထိန်းထားတာဟာ စာနာစိတ်ရှိတယ်လို့ မဆိုလိုနိုင်ပါ ဘူး။ သူတို့စွမ်းဆောင်ရည်တွေကို ဖော်ထုတ်နိုင်မယ့် အခြားဝန်းကျင်အသစ်မှာ သူတို့အနေနဲ့ ပိုအဆင်ပြေသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၆။ ခြိုးခြံချွေတာပြီး ပေးကမ်းရက်ရောပါ။
သင့်ရဲ့အသုံးစရိတ်တွေကို ချွေတာပါ။ ဒါပေမဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အရေးတကြီး လိုအပ်မှုရှိလာတဲ့အခါမျိုးမှာ ရက်ရက်ရောရော ကူညီပေးကမ်းပါ။ သင့်ရဲ့ရက်ရောမှုဟာ တစ်ယောက်ယောက်က အရေး ပေါ် ဆေးကုသဖို့လိုအပ်လာတဲ့အခါမျိုး ဒါမှမဟုတ် ဝန်းထမ်းမိသားစုမှာ ကလေးမွေးဖွားတဲ့အခါမျိုးမှာ သင့်ရဲ့ပေးကမ်းရက်ရောမှုက အထူးသဖြင့် အကျိုးသက် ရောက်မှုရှိပါလိမ့်မယ်။

၇။ ဝန်ထမ်းတွေကိုလစာပေးရာမှာ မတူညီတဲ့လစာနှုန်းထားတွေနဲ့ ပေးပါ။
လုပ်ငန်းတွေမှာ ထွက်ပေါ်ရရှိလာတဲ့ တန်ဖိုးရလဒ်တွေ ရဲ့ ၉၀ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ဒီထက်ပိုတဲ့ပမာဏဟာ စွမ်းဆောင်ရည်မြင့်တဲ့ ထိပ်ပိုင်းဝန်ထမ်း ၁၀ ရာခိုင်နှုန်းဆီကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရလဒ် အနေနဲ့ သင့်ရဲ့အတော်ဆုံးဝန်ထမ်းတွေဟာ သာမန် ဝန်ထမ်းတွေထက်ပိုပြီး တန်ဖိုးကြီးတယ်ဆိုတာပါပဲ။ ဒါကိုလည်း သူတို့ခံစားသိရှိအောင်လုပ်ပါ။ သာမန် ဝန်ထမ်းတွေကတော့ တော်တဲ့ဝန်ထမ်းတွေရတဲ့ ခံစား ခွင့်တွေနဲ့ပတ်သက်ပြီး အနည်းငယ် စိတ်မကျေမနပ် ဖြစ် နိုင်ပါတယ်။ သူတို့ ဘာကြောင့် ဒီလိုမတူညီတဲ့ လစာ ရတယ်ဆိုတာနဲ့ ကိုယ်လည်းသူတို့လိုရအောင် ဘယ် လိုအပြောင်းအလဲလုပ်နိုင်တယ်ဆိုတာကို သင့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းပြပါ။

၈။ အားပေးတိုက်တွန်းပါ။
သင့်ရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ သင့်ရဲ့ လုပ်ငန်းခွင်ဝန်းကျင်က သင့်နဲ့သင့်အနားမှာရှိသူတွေကို ဘယ်လိုတွန်းအားပေးမှုတွေ ပြုလုပ်နေတယ်ဆိုတာကို ရှာဖွေလေ့လာပါ။ အခြားသူတွေနဲ့ ဆက်ဆံပြောဆိုရ တာ လွယ်ကူမှုရှိသလား။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သတင်းအချက်အလက်တွေကို E-mail ၊ ဒါမှမ ဟုတ် SMS တွေနဲ့ ဝေမျကြတဲ့အခါ သတင်းကောင်းတွေ ကို ဝေမျသလား။ ဒါမှမဟုတ် ဝေဖန်ရှုံ့ချတဲ့ သတင်း တွေလား။ ကျွနု်ပ်တို့အားလုံးဟာ ကျွန်တော်တို့ ရှင် သန်နေတဲ့ဝန်းကျင်ရဲ့ စဉ်ဆက်မပြတ် တွန်းအားပေးမှု ကိုခံနေရသလို ကျွနု်ပ်တို့ဝန်းကျင်မှာရှိတဲ့ လူတွေကို လည်း အဆက်မပြတ် တွန်းအားပေးနေတာ ဖြစ်ပါ တယ်။ ဒီအချက်ကို အသုံးချပြီး မိမိကိုယ်တိုင်ရော ကိုယ့်ရဲ့အသင်းအဖွဲ့ပါ ပိုမိုပျော်ရွှင်ပြီး စွမ်းဆောင်ရည် ပိုကောင်းလာအောင် ပြုလုပ်ပါ။

၉။ မြင့်မားလာတဲ့ မျော်မှန်းချက်တွေကို စီမံကိုင်တွယ်ပါ။
အလုပ်လုပ်ကိုင်ရာမှာ တစ်ခါတစ်ရံ ခြေချော်တာမျိုး ရှိနိုင်ပြီး ကိုယ့်ခြေလှမ်းတွေကို နောက်ပြန်ဆုတ်ဖို့လို တဲ့ အချိန်တွေလည်း ရှိပါတယ်။ အဲဒါကို သိရှိထားပြီး အလုပ်မစခင်မှာ စိတ်ကူးအကြံဉာဏ်တွေကို စမ်း သပ်လေ့လာဖို့ရှိတယ်လို့ သင့်အနားကလူတွေကို အ သိပေးပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့ကို ဝေဖန် ရေးသမားတွေအဖြစ်ကနေ ကူညီပံ့ပိုးသူတွေအဖြစ် ပြောင်းလဲပေးရာမှာ ကူညီပေးနိုင်မှာဖြစ်ပြီး တကယ်လို့ သင့်အလုပ်က သူတို့ရဲ့ မျော်မှန်းထားတာနဲ့ မကိုက်ညီ တာမျိုး ဖြစ်သွားခဲ့ရင်လည်း သူတို့အနေနဲ့ သင့်ကို ပို ပြီး စိတ်ရှည်နာလည်မှုပေးနိုင်မှာပါ။

၁၀။ နေပျော်တဲ့လုပ်ငန်းခွင်ဖြစ်စေပါ။
Google တည်ထောင်သူတွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ဟာ Google ကို သူတို့ နှစ်ယောက် စလုံး အလုပ်လုပ်ချင်တဲ့လုပ်ငန်းခွင် ဝန်ကျင်မျိုးဖြစ် အောင် စီစဉ်လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။ အလား တူ သင်လည်းပဲ ကုမ္ပဏီတစ်ခုမှာ ကျောင်းပြီးခါစ အလုပ်ဝင်တာပဲဖြစ်ဖြစ် ဘယ်လောက်ပဲသေးငယ်တဲ့ ရာထူးနဲ့ အလုပ်စလုပ်တာပဲဖြစ်ဖြစ် သူတို့လိုပဲ လုပ် ဆောင်နိုင်ပါတယ်။

Ref: www.theguardian.com