တစ်ချိန်ကဆင်းရဲနွမ်းပါးခဲ့ကြသော ဘီလီယံနာ ၁၇ ဦး

17blillioner

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တချို့ဟာ ဆင်းရဲတွင်းထဲက တက်လာခဲ့ကြသူတွေဖြစ်ပါတယ်။ ဘယ်သူမဆို စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရဲရင့်တဲ့သတ္တိနဲ့ ကုသိုလ်ကံ နည်းနည်းပါးပါးရှိရင် သူတို့လက်ရှိရောက်နေတဲ့ အခြေအနေတွေကို ကျော်လွှားပြီး ထူးကဲတဲ့အောင်မြင်မှုတွေကို ရရှိနိုင်တယ်ဆိုတာကို ဆင်းရဲမွဲတေတဲ့ဘ၀က ချမ်းသာကြွယ်ဝလာခဲ့ကြတဲ့ ဒီပုဂ္ဂိုလ် ၁၇ ဦးရဲ့ဇာတ်လမ်းတွေက ကျွန်တော်တို့ကို သတိပေးနေပါတယ်။

1

 

 

 

1) Roman Abramovich

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ

ချယ်လ်ဆီးဘောလုံးကလပ်အသင်းကို ပိုင်ဆိုင်ထားတဲ့ ရုရှားလုပ်ငန်းရှင် သူဌေးကြီး Roman Abramovich ဟာ ဆင်းရဲနွမ်းပါးတဲ့ဘ၀မှာ မွေးဖွားခဲ့တာဖြစ်ပြီး နှစ်နှစ်သားအရွယ်တုန်းက မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ပါတယ်။

 

2

 

 

2) Mohed Altrad

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ တစ်ဘီလီယံ

Montpellier ရပ်ဂ်ဘီဘောလုံးကလပ်အသင်းရဲ့ President နဲ့ ဒီနှစ်ရဲ့အတော်ဆုံးစွန့်ဦးတီထွင်သူ Mohed Altrad ဟာ ပြင်သစ်နိုင်ငံကို သူပြောင်းရွှေ့ဝင်ရောက်လာခဲ့တုန်းက တစ်နေ့ကို ထမင်းတစ်နပ်ပဲစားပြီး ရှင်သန်ရပ်တည်ခဲ့ရပါတယ်။

 

 

3

 

 

 

3) Kenny Troutt

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ

 Excel Communications ကုမ္ပဏီကိုတည်ထောင်သူ Kenny Troutt ဟာ သူ့ရဲ့ ကောလိပ်ကျောင်းစရိတ်ရအောင် အသက်အာမခံကို ရောင်းခဲ့ရပါတယ်။

 

 

4

 

 

 

4) Howard Schultz

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံ

Starbucks ကုမ္ပဏီရဲ့ Howard Schultz ဟာ ငယ်ငယ်တုန်းက ဆင်းရဲသားတွေအတွက် ဆောက်ထားတဲ့ အိမ်ရာမှာနေပြီး ကြီးပြင်းခဲ့ပါတယ်။

 

5

 

 

 

5) Ken Langone

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ

ရင်းနှီးမြှုပ်နှံသူကြီး Ken Langone ရဲ့ မိဘတွေဟာ ရေပိုက်ပြင်သမားနဲ့ ကော်ဖီဆိုင် စားပွဲထိုးအလုပ်သမားတွေ ဖြစ်ကြပါတယ်။

 

 

6

 

 

 

6) Oprah Winfrey

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ သုံးဘီလီယံ

ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားခဲ့တဲ့ Oprah Winfrey ဟာ Nashville မှာ ပထမဆုံးရုပ်မြင်သံကြား သတင်းထောက်ဖြစ်လာတဲ့ အာဖရိကနွယ်ဖွား အမေရိကန်တစ်ယောက် ဖြစ်ပါတယ်။

 

7

 

 

7) John Paul DeJoria

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံ

ဆံပင်အလှပြင်လုပ်ငန်းအင်ပါယာကြီးတစ်ခုနဲ့ Patron အရက်ကုမ္ပဏီကြီးရဲ့ နောက်ကွယ်ကပုဂ္ဂိုလ်ကြီးဖြစ်တဲ့  John Paul DeJoria ဟာ တစ်ချိန်တုန်းက မိဘမဲ့ကျောင်းတစ်ခုမှာ နေခဲ့ရသလို သူ့ရဲ့ကားထဲမှာလည်း နေခဲ့ပါတယ်။

 

 

8

 

 

8) Shahid Khan

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ

စီးပွားရေးလုပ်ငန်းရှင်ကြီး Shahid Khan ဟာ တစ်ချိန်တုန်းက တစ်နာရီကို ၁.၂ ဒေါ်လာနဲ့ ပန်းကန်ဆေးတဲ့ အလုပ်ကိုလုပ်ခဲ့ဖူးပါတယ်။

 

 

 

9

 

9) Do Won Chang

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံ

Forever 21 ကိုတည်ထောင်ခဲ့သူ Do Won Chang ဟာ အမေရိကန်နိုင်ငံထဲကို ပြောင်းရွှေ့လာခါစက လုံခြုံရေးအစောင့်၊ ဓာတ်ဆီဆိုင်အကူဝန်ထမ်းနဲ့ ကော်ဖီဆိုင် အလုပ်သမားအဖြစ် လုပ်ခဲ့ဖူးပါတယ်။

 

 

 

10

 

 

 

10) Ralph Lauren

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၆.၈ ဘီလီယံ

Ralph Lauren ဟာတစ်ချိန်တုန်းက Brooks Brothers ကုမ္ပဏီမှာ စာရေးအလုပ်ကို လုပ်ရင်း အမျိုးသားသုံးလည်စီးတွေနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ခဲ့ပါတယ်။

 

 

11

 

 

11) Lakshmi Mittal

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၁၂.၃ ဘီလီယံ

အကြီးစားသံမဏိလုပ်ငန်းရှင်ကြီး Lakshmi Mittal ဟာ အိန္ဒိယနိုင်ငံရဲ့အောက်ခြေလူတန်းစားက တက်လာခဲ့သူဖြစ်ပါတယ်။

 

 

12

 

 

12) Francois Pinault

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံ

ဇိမ်ခံပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်ကြီး Francois Pinault ဟာ သူငယ်စဉ်က ဆင်းရဲနွမ်းပါးမှုကြောင့် သူများတွေ အနိုင်ကျင့်တာကိုခံရတဲ့အတွက် ၁၉၇၄ ခုနှစ်မှာ ကျောင်းကထွက်ခဲ့ရပါတယ်။

 

 

13

 

 

13) Leonardo Del Vecchio

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၂၄.၁ ဘီလီယံ

Leonardo Del Vecchio ဟာ မိဘမဲ့ကျောင်းတစ်ခုမှာ ကြီးပြင်းခဲ့ရပြီး အဲဒီနောက် စက်ရုံတစ်ရုံမှာ အလုပ်ဝင်လုပ်တဲ့အခါ သူ့ရဲ့လက်ချောင်းတစ်ချောင်း ပြတ်သွားခဲ့ပါတယ်။

 

 

14

 

 

14) George Soros

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၂၄.၂ ဘီလီယံ

ကျော်ဇောထင်ရှားတဲ့ကုန်သည်ကြီး George Soros ဟာ ဟန်ဂေရီနိုင်ငံကို နာဇီတွေ သိမ်းပိုက်တဲ့ထဲမှာ အသက်မသေဘဲ ကျန်ရစ်ခဲ့ပြီး လန်ဒန်မြို့ကို ဆင်းရဲမွဲတေနေတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်အဖြစ် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

 

 

15

 

15) Li Ka-shing

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၂၇.၁ ဘီလီယံ

ဧရာမစီးပွားရေးလုပ်ငန်းရှင်ကြီး Li Ka-shing ဟာ သူ့ဖခင် ကွယ်လွန်သွားတဲ့အချိန်မှာ သူ့ရဲ့မိသားစုကို ကူညီပံ့ပိုးဖို့အတွက် ကျောင်းကထွက်လိုက်ရပါတယ်။

 

 

 

 

16

 

 

16) Sheldon Adelson

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၂၉ .၅ ဘီလီယံ

ကောလိပ်ကျောင်းက တစ်ဝက်တစ်ပျက်နဲ့ ထွက်လာခဲ့တဲ့ Sheldon Adelson ဟာ Boston မြို့ ဆင်းရဲသားအိမ်ရာက အိမ်တစ်လုံးရဲ့ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရင်း ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

 

 

17

 

 

17) Ellison

အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၄၉.၈ ဘီလီယံ

Oracle ကုမ္ပဏီကြီးကို ပူးတွဲတည်ထာင်ခဲ့သူဖြစ်တဲ့ Ellison ဟာ သူ့ရဲ့မွေးစားမိခင် ဆုံးပါးသွားတဲ့အခါ ကောလိပ်ကျောင်းကထွက်ပြီး ရရာတောက်တိုမယ်ရ အလုပ်တွေကို လုပ်ကိုင်ခဲ့တာ ရှစ်နှစ်ကြာသွားခဲ့ပါတယ်။

 

ဇော်ဝင်းကြူ (ပျဉ်းမနား)