စီးပွားရေးအခက်အခဲတွေကို နည်းပညာအကူအညီနဲ့အဖြေရှာမယ့် HACKATHON ပြိုင်ပွဲ

article landscape wartermark final4

လူမှုပတ်ဝန်းကျင်တွင် ရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွားရေးအခက်အခဲတွေကို နည်းပညာအကူအညီနဲ့ အဖြေရှာတဲ့ Hackathon ပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၅ ရက်ကနေ ၇ ရက်နေ့ထိ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ အဲဒီပွဲကိုတော့ Code of Change Myanmar က ဦးဆောင်စီစဉ်တာ ဖြစ်ပါတယ်။ Code of Change Myanmar ရဲ့ တည်ထောင်သူဖြစ်တဲ့ Mr David Madden က` မြန်မာနိုင်ငံဆက်သွယ်ရေး ကဏ္ဍတစ်ခုလုံးအခုလို တိုးတက်ပြောင်းလဲဖို့ ဖြစ်လာတာဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလန်းတွေ များစွာပေါ်လာတာပဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပိုမိုအောင်မြင်လာအောင် ပံ့ပိုးနိုင်မယ့် နည်းပညာထုတ်ကုန်တွေကို ဖန်တီးတီထွင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အတော်ဆုံး Developer တွေ စုစည်းပြီးတော့ ဒီပွဲကို ကျင်းပပေးတာပဲဖြစ်ပါတယ်´ လို့ ဆိုပါတယ်။

ဒီပြိုင်ပွဲကို USAID, Internews, Ooredoo Myanmar, Ideabox,Nescafe,Redbull နဲ့ Signtech Myanmar တို့က ပံ့ပိုးကူညီပေးထားတယ်လို့ သိရပါတယ်။

Hackathon ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ချင်သူတွေအနေနဲ့ www.CodeForChangeMyanmar.org နဲ့ www.facebook.com/CodeForChangeMyanmar ကို ၀င်ရောက်ကြည့်ရှု့တင်ပြနိုင်ပြီး သြဂုတ်လ ၂၂ ရက်နေ့နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

article portrait watermark final article landscape wartermark final3 article landscape wartermark final2