00:55
ဆိုင်တည်နေရာ
အခန်းအမှတ် ၂၀၄၃၊ Level 1၊ တော်ဝင်စင်တာ။
ဆိုင်ဖွင့်ချိန်
နံနက် ၉ နာရီမှ ည ၈ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက်
အခု မြန်မာနိုင်ငံမှာ တိုးတက်ဖို့အခွင့်အရေးတွေ အများကြီးရှိလာတဲ့အတွက် Fashion လောကနဲ့ပတ်သက်ပြီး နောက်မကျစေချင်လို့ အမေရိကားကနေ ကျွန်တော်ပြန်လာပြီး ဒီဆိုင်လေးကို ဖွင့်ဖြစ်တာလို့ဆိုပါတယ်။
ဆိုင်နာမည် ပေးဖြစ်ပုံ
00:55 နာမည်က လူတိုင်း ထူးဆန်းတယ်လို့ ပြောကြပါတယ်။ 00 က ကျွန်တော့်ရဲ့ Last Name ပါ။ 55 ကတော့ ကျွန်တော့်အမေရဲ့ မွေးနှစ် 1955 ပါ။
ရနိုင်တဲ့ပစ္စည်းတွေက
ယောင်္ကျားလေးအ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ခေါင်းအစခြေအဆုံး ရနိုင်ပါတယ်။
ဈေးနှုန်းပိုင်း
Accessory ပစ္စည်းတွေက အနည်းဆုံးသုံးထောင်ကနေ စပါတယ်။ တီရှပ်တွေဆိုရင်အနည်းဆုံး ၈၅၀၀ ပါ။ Blazers၊ Jackets တွေဆိုရင် အများဆုံး ခြောက်သောင်းလောက်ပဲ ရှိပါတယ်။
ထူးခြားချက်
ကျွန်တော့်ရဲ့ဆိုင်က တစ်ဝက်က ကိုယ်ပိုင်ဒီဇိုင်း၊ တစ်ဝက်က အပြင်ကပစ္စည်းပါ။ ကိုယ်ပိုင် Label ဖြစ်တဲ့ 00:55 နဲ့ပဲ ထုတ်မှာပါ။ အဲဒီ Label နဲ့ပဲ အမေရိကားမှာ ရောင်းပါမယ်။ Branded တွေထက် ဈေးပေါအောင် လုပ်ပေးထားပါတယ်။ ဒါပေမဲ့ ဒီဇိုင်းက အသစ်ပါ။ နိုင်ငံခြားမှာတောင် မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ အရင်ရ အောင်လုပ်ပေးပြီးမှ နိုင်ငံခြားကို ထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။
အနာဂတ် အစီအစဉ်
မြန်မာနိုင်ငံမှာ Fashion နဲ့ပတ်သက်ပြီး တိုးတက်အောင် နောက်ထပ် အများကြီးလုပ်ဖို့ ရှိပါတယ်။ နိုင်ငံခြားမှာ ကျွန်တော်ချုပ်တဲ့ မိန်းကလေးဒီဇိုင်းတွေကိုလည်း မြန်မာနိုင်ငံမှာ ရောင်းပေးဖို့ရှိတယ်လို့ သိရပါတယ်။