ဟိုတယ်ဝန်ဆောင်မှု နဲ့ အစားအသောက်လုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ
ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်ကနေ ၁၇ရက်ထိ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အစားအသောက်ဆိုင်ရာ ပြပွဲ ၂၀၁၄ ကို သုံးရက်တိုင်တိုင် AMB Events Group က ကြီးမှူးကျင်းပခဲ့ပါတယ်။ ပြပွဲကို နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၅၀ လာရောက်ပြသခဲ့ပါတယ်။
ပြပွဲတွင် ဟိုတယ်နှင့်စားသောက်ဆိုင် ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာပစ္စည်းများ၊ ဟိုတယ် စီမံခန့်ခွဲမှုဆိုင်ရာစနစ်များ အစရှိသည့် ပစ္စည်းများကို ပြည်ပကုမ္ပဏီများ သာမက ပြည်တွင်းမှ အကြီးမားဆုံး စားသောက် ကုန် ဖြန့်ချိသူများဖြစ်သည့် IkonMart၊ Sweety Home နဲ့ Aroma Gourmet တို့မှလည်းဝင်ရောက်ပြသခဲ့ပါတယ်။ ပြပွဲမှာ ထူးခြားမှုအနေနဲ့ ကိတ်၊ ကော်ဖီ၊ ရေခဲမုန့် နဲ့ ဟိုတယ်လုပ်ငန်းသုံး ပစ္စည်း များကို လက်တွေ့အသုံးချတာတွေလည်းပြုလုပ်ခဲ့ပါတယ်။
ပြပွဲကို မြန်မာနိုင်ငံမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်သွားရန် အတွက် အဓိက ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဟိုတယ်နဲ့ အစားအသောက်လုပ်ငန်း ဆိုင်ရာ နယ်ပယ်မှ လူများကို အထောက်အကူ ပြုပေးနိုင်ရန် ရည်ရွယ်ကြောင်းသိရပါတယ်။