အာဆီယံ ယဉ်ကျေးမှုပွဲတော်
ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပပြီး ဌာနဆိုင်ရာအသီးသီး၊ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူအစရှိတဲ့နိုင်ငံတွေရဲ့ ယဉ်ကျေးမှု အနုပညာလက်ရာတွေကို တနေရာထဲမှာ တွေ့မြင်ခံစားနိုင်စေမယ့် အာဆီယံ-ယဉ်ကျေးမှုပွဲတော် ASEAN Cultural Fair 2014 ကို အမျိုးသားကဇာတ်ရုံ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာ ခင်းကျင်းပြသလျက်ရှိပါတယ်။ မြန်မာ့ရိုးရာ အစားအစာများ၊ တိုင်းရင်းသားရိုးရာအ၀တ်အစားများ၊ အသုံးအဆောင်များ၊ အစားအစာများ နဲ့ အာဆီယံနိုင်ငံတွေရဲ့ ယဉ်ကျေးမှုအနုပညာလက်ရာတွေကို အောက်တိုဘာ ၂ ရက်နေ့အထိ ရောင်းချသွားမှာဖြစ်ပါတယ်။