TAURUS (ပြိဿရာသီဖွား) – ဧပြီလ ၂၁ ရက်မှ မေလ ၂၁ ရက်အတွင်း မွေးဖွားသူများ
ပစ္စည်းပျောက်တတ်သည်။ ခရီးသွားရင်း ခါးပိုက်နှိုက်သတိပြုပါ။ လူမျိုးကွဲ၊ လူမျိုးခြားကောင်းကျိုးပေးသော ကာလဖြစ်သည်။ သူတစ်ပါးနှင့် စကားအခြေအတင်ပြောရမည်။ အငြင်းအခုန်များရမည်။ ပေါ်ပေါက်လာသော အပြောင်းအလဲများသည် မိမိအတွက် ကောင်းသောအပြောင်းအလဲဖြစ်မည်။ အရွေးရခက်အောင် လမ်းနှစ်သွယ်ကြားရောက်နေမည်။ အတတ်ပညာအကျိုးပေးကောင်းသောကာလ ဖြစ်သည်။ စေတနာသန့်စွာနှင့် မိမိအားကူညီမည့်သူပေါ်မည်။ ဆေးရုံ၊ ဆေးခန်းနှင့် မိတ်ဖွဲ့ရမည်။
စံ-ဇာဏီဘို