Yangoods Products များမိတ်ဆက်ပွဲအခမ်းအနား

Yangood 6

ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှု အမွေ အနှစ်ဒီဇိုင်းတွေနဲ့ ၂၁ ရာစုက လက်ရာ မြောက်ဒီဇိုင်းတွေကို ပူးပေါင်းရေးဆွဲ ဖန်တီးထားတဲ့ Yangoods Productsျ  မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်က Yangon Gallery  (ပြည်သူ့ရင်ပြင်)တွင် ကျင်းပခဲ့ပါတယ်။ Yangoods ရဲ့ Logo က ဓမ္မစေတီခေါင်း လောင်းပုံဖြစ်ပါတယ်။ Yangon  နဲ့ Goods ဆိုတဲ့နာမည်နှစ်လုံးကို ပေါင်း ထားတာပါ။ ရန်ကုန်ဆိုတဲ့မြို့ကလည်း  မြန်မာနိုင်ငံရဲ့စီးပွားရေးအချက်အချာ ကျတဲ့မြို့လည်း ဖြစ်တယ်။ Goods ဆို တာက အရည်အသွေးမြင့်တဲ့ လက်ရာ မြောက်တဲ့ပစ္စည်းတွေကို ဆိုလိုတဲ့အ တွက် ခေတ်သစ်၊ ခေတ်ဟောင်းက လက်ရာမြောက်တဲ့ကုန် ပစ္စည်းတွေကို ထုတ်လုပ်တဲ့တံဆိပ်အနေနဲ့ Yangoods  ဆိုတဲ့ နာမည်ကိုပေးဖြစ်တာလို့ သိရပါ တယ်။ ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဒီဇိုင်းတွေနဲ့ဖန်တီးထားတဲ့ Yangoods Products တွေကို အိမ်၊ ဒါမှ မဟုတ် ရုံးမှာ အလှဆင်ဖို့ဖြစ်ဖြစ်၊ လက် ဆောင်ပေးဖို့ဖြစ်ဖြစ်၊ နေ့စဉ်သုံးပစ္စည်း အဖြစ် ၀ယ်ယူလိုသူတွေအနေနဲ့ ဗိုလ်ချုပ် ဈေး၊ ကရ၀ိတ်၊Ten Mile Cuisine ၊ Le Planterw Mogo Launge နဲ့ Bulgogi Brother   တို့မှာ ၀ယ်ယူရရှိနိုင်ပါတယ်။

Yangood 5Yangood 4

Yangood 3

Yangood 2