ရောင်စုံစာမျက်နှာများပေါ်မှာ ခရီးသွားသူများ အဖွဲ့ရဲ့ တတိယအကြိမ်မြောက် ပန်းချီပြပွဲ

Travelling 14

စာနယ်ဇင်း သရုပ်ဖော်ပန်းချီဆရာကိုးဦးနဲ့ ဖွဲ့စည်းထားတဲ့ ရောင်စုံစာမျက်နှာများပေါ်မှာ ခရီးသွားသူများအဖွဲ့ (Travellers On The Colorful Pages) ရဲ့ တတိယအကြိမ်မြောက် ပန်းချီပြပွဲကို ရန်ကုန်မြို့၊ စိမ်းလန်းစိုပြည်ဥယျာဉ်ထဲက Zephyr Restaurant မှာ ဒီနေ့ နိုဝင်ဘာလ ၂၁ ရက် ကနေ စတင် ပြသလျက်ရှိပြီး နိုဝင်ဘာလ ၂၄ ရက် အထိ ဆက်လက်ပြသသွားမှာ ဖြစ်ပါတယ်။ အဲဒီပန်းချီပြပွဲမှာ ပန်းချီဆရာကိုးဦးဖြစ်ကြတဲ့ Tin Htoon, Khaing Tin, Ni Toot, Maung Mint Lwin, Maung Kyaw Soe, Ma Hmwe, Thant Xin, Zaw Nyunt Pe, Ko Ko Myint တို့ရဲ့ ရေဆေး၊ ဆီဆေး၊ Acrylic ၊ မင်ခြစ် စတဲ့ ပန်းချီကားအမျိုးအစားပေါင်း ၅၀ ကျော်ကို ပြသထားတာ တွေ့ရပါတယ်။ သူတို့ ကိုးဦးဟာ ဧရာဝတီတိုင်း၊ ကသိုင်းချောင်းကျေးရွာမှာ ရှိတဲ့ ကညင်ဆည်ကို တစ်ရက်တာ ခရီးထွက်ခဲ့ပြီး သွားရောက်လေ့လာကာ အဲဒီဒေသရဲ့ အလှအပ၊ မြင်ကွင်းတွေကို ပြန်လည်ရေးဆွဲထားတဲ့ ပန်းချီကားတွေသာမက အခြားခေါင်းစဉ်အောက်မှာ ရေးဆွဲထားတဲ့ ပန်းချီကားတွေကိုလည်း တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။

Travelling 15

Travelling 18  Travelling 17 Travelling 16 Travelling 13 Travelling 12 Travelling 11 Travelling 10 Travelling 9 Travelling 8 Travelling 7 Travelling 1 Travelling 2 Travelling 3 Travelling 4 Travelling 5 Travelling 6

Travelling 19