Myanmar Thilawa SEZ Holdings Public Limited ရဲ့ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပ

mtsh2

mtsh3

Myanmar Thilawa SEZ Holdings Public Limited (MTSH) ရဲ့ တတိယအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်က အမျိုးသားအားကစားရုံ(၁)၊ သုဝဏ္ဏမှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရဲ့ အတွင်းရေးမှူးဒေါက်တာဆွေဟိန်းနဲ့ MTSH မှ ဒါရိုက်တာအဖွဲ့ဝင်တွေ၊ ရှယ်ယာရှင်တွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြပါတယ်။

mtsh4

mtsh5

ပွဲမှာ သဘာပတိဖြစ်သူ ဦးဝင်းအောင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပေးပြီး ပွဲတက်ရောက်လာသူတွေ သိလိုတဲ့မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ ပြီးတဲ့နောက် သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်းမှာ ပြင်ဆင်ဖြည့်စွက်ထည့်သွင်းမယ့် အချက်အလက်တွေနဲ့ အကျိုးအကြောင်းဖော်ပြချက်တွေကို အစုရှယ်ယာရှင်တွေရဲ့ အတည်ပြုချက်ရယူရဖို့ မဲပေးဆုံးဖြတ်ခဲ့ပါတယ်။

mtsh1