Thailand Fair 2015 ဖွင့်ပွဲအခမ်းအနား

5

ဂမုန်းပွင့်ကုမ္ပဏီလီမိတက်နဲ့  DITP (Department of Internatioal Trade Promotion) တို့ပူးပေါင်းစီစဉ်တဲ့  Thailand Fair 2015 ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ဇွန်လ ၂၆ ရက်က ဂမုန်းပွင့ှ့် Shopping Mall (ကမ္ဘာအေး)မှာပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို Thai Minister Counsellor Mr Boon Intiratana က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်စကားများပြောကြားခဲ့ပါတယ်။ အဲဒီနောက် ပြပွဲကျင်းပရခြင်းရည်ရွယ်ချက်များပြောကြားပြီး ထိုင်းနိုင်ငံမှထုတ်လုပ်တဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်တဲ့ လူသုံး ကုန်စ္စည်းတွေကို အထူးလျော့ဈေးတွေ၊ လက်ဆောင်ပေးတဲ့အစီအစဉ်တွေနဲ့ ရောင်းချပေးခဲ့ပါတယ်။ ဒါအပြင် တစ်ရက်အတွင်း ကျပ်သုံးသောင်းဖိုးဝယ်ယူပါက ကျပ် ၂၃၀ç၀၀၀ တန် ထိုင်းနိုင်ငံTHONBURI Hospital မှာ ဆေးစစ်ခွင့်လက်မှတ် ရှစ်စောင်အပါအ၀င် ဗလာမပါကံစမ်းမဲတွေ ချက်ချင်းရရှိမှာဖြစ်ပြီး အဲဒီထဲကကံထူးရှင်နှစ်ဦးကိုထပ်မံရွေးချယ်ကာ ကံထူးရှင်တစ်ဦးကို ရန်ကုန် ဘန်ကောက် ရန်ကုန် လေယာဉ်လက်မှတ်နဲ့ THONBURI Hospital မှာ ဆေးစစ်ခွင့်လက်မှတ်တို့ကို လည်း ထပ်မံချီးမြှင့်ပေးသွားမယ်လို့သိရပါတယ်။

4 3 2 1