Thai Good, Thai Quality 2014 ဈေးရောင်းပွဲတော်

article landscape wartermark final6 article landscape wartermark final2

ထိုင်းနိုင်ငံရှိ Ministry of Commerce’s Department of International Trade Promotion (DITP) နှင့် စိန်ဂေဟာ ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်တဲ့ Thai Good, Thai Quality 2014 ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ စိန်ဂေဟာစူပါစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို  (DITP) ရဲ့ Counsellor (Commercial) Mr Boon Intiratana Minister နဲ့အတူ စိန်ဂေဟာရဲ့  Managing Director ဦးအောင်ဝင်း၊ Director ဦးမောင်ဝင်းနဲ့ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ကာ ဈေးရောင်းပွဲတော်ကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီဈေးရောင်းပွဲတော်ကို စိန်ဂေဟာ(ပြည်လမ်း)၊ စိန်ဂေဟာ(လှည်းတန်း)နဲ့ စိန်ဂေဟာ( ပါရမီ)စင်တာတွေမှာ သြဂုတ်လ ၁၅ ရက်ကနေ ၂၂ ရက်နေ့ထိ တစ်ပြိုင်နက်ထဲ ပြုလုပ်ရောင်းချပေးသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ကုန်ပစ္စည်းအသစ်များ၊ မြန်မာနိုင်ငံအတွင်းက ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်၊အလှအပဆိုင်ရာပစ္စည်းတွေ၊ ဖက်ရှင်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း၊ စာရေးကိရိယာတွေနဲ့ စားသောက်ကုန်တွေလာရောက် ပြသရောင်းချသွားမှာဖြစ်ပါတယ်။

အထူးအစီအစဉ်တွေအနေနဲ့ ငွေကျပ် နှစ်သောင်းဖိုးနဲ့အထက်ဝယ်ယူသူတွေကို ချက်ချင်းလက်ဆောင်များပေးမယ့်အပြင်  သုံးသောင်းဖိုးနဲ့အထက်ဝယ်ယူသူတွေကို ရန်ကုန်-ဘန်ကောက် နှစ်ယောက်စာ လေယာဉ်လက်မှတ်၊ ပထမတန်းစားထိုင်းကုန်ပစ္စည်းဆု စတာတွေကို မဲများဖောက်ပေးသွားမှာဖြစ်ပြီး စိန်ဂေဟာမိသားစုအနေနဲ့ (DITP) နဲ့ ပူးပေါင်းလုပ်ဆောင်တာဟာ (၆) ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။

 

article landscape wartermark final2

article landscape wartermark final10

article portrait watermark final1 article landscape wartermark final9 article landscape wartermark final7 article landscape wartermark final5 article landscape wartermark final4