SMART Electrical Trading Co Ltd and LS Industrial System Co Ltd တို့မှ LS Produts မိတ်ဆက်ပွဲကျင်းပ

Ls1

SMART Electrical Trading Co Ltd နဲ့ LS Industrial System Co Ltd(LSIS) တို့ရဲ့ LS Produts မိတ်ဆက်ပွဲကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်က ရန်ကုန်မြို့ NOVOTEL Yangon Max မှာကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ SMART Electical Trading ရဲ့ Managing Director ဦးရဲကျော်သူနဲ့ KOTRA Yangon ရဲ့ Managing Director Mr Ahn Jae Yong တို့ကအမှာစကားပြောကြားခဲ့ပါတယ်။ LSIS ရဲ့ Head of Vietnam Branch office Mr Bake Sung Jin နဲ့ LS Company ရဲ့ Sales Manager တို့က Company အကြောင်းနဲ့ LS Product နဲ့ပတ်သက်ပြီး မိတ်ဆက်ပြောကြားခဲ့ပါတယ်။  ပွဲမှာ ဦးရဲကျော်သူက “၁၉၉၈ ခုနှစ်ကတည်းက Smart & LG (ယခုအခါ LS) တို့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လျှပ်စစ်နဲ့ဆိုင်တဲ့ပစ္စည်းတွေကို Distribute လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Customer တွေဟာ အစိုးရ၊ ပုဂ္ဂလိက နဲ့ NGO အဖွဲ့အစည်းတွေဖြစ်ပြီး Business Aera တွေကတော့ Power, Telecom, Oil and Gas, Mining နဲ့ Primary စတဲ့ စက်မှုလုပ်ငန်းတွေအတွက် ဖြစ်တယ်´´လို့ ဆိုပါတယ်။