စီထွာဒစ်ဂျစ်တယ်ကတ္တားနဲ့ ရှင်းပိုရွှေချိန်စက်ရဲ့ ကံထူးရှင်ကြီးရွေးချယ်ပွဲ

article landscape wartermark final5

စီထွာဒစ်ဂျစ်တယ်ကတ္တားနဲ့ ရှင်းပိုရွှေ ချိန်စက်တွေကို ၀ယ်ယူအားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်တွေကို ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့ ဒုတိယအကြိမ်မြောက် ရွှေတစ်ဆယ်သားမဟာကံထူးရှင်နဲ့ ရွှေတစ်ဆင်စာ နှစ်ဆု၊ ရွှေဒင်္ဂါးပြား ခြောက်ဆုကံထူးရှင်ကြီး ရွေးချယ်ပွဲ အခမ်းအနားကို ၂၀၁၄ ဇွန်လ ၂၁ ရက်က ရန်ကုန်မြို့ရှိ ကရ၀ိတ်နန်း တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ချီးမြှင့်ပေးတဲ့ဆုတွေထဲက Grand Prize ဆုကြီးဖြစ်တဲ့ရွှေတစ် ဆယ်သားအထူးဆုကို လှိုင်သာယာ မြို့နယ်ရှိ ငွေပင်လယ်ဇုန်က ဦးထင် ကျော်က ဆွတ်ခူးခဲ့ပြီး ရွှေတစ်ဆင်စာ နှစ်ဆု ကို ဦးဇော်ဦး (သာ ကေတမြို့နယ်) နဲ့ ဦး ၀င်းမင်းအောင် (ဆင် ဖြူကျွန်းမြို့နယ်)တို့ က ရရှိသွားခဲ့ပါတယ်။ နောက်ထပ်ရွှေဒင်္ဂါးဆု ခြောက်ဆုကိုတော့ တောင်ငူ၊ လှိုင်၊ ရမ်းဗြဲ၊ နေပြည်တော်၊ ရွှေပြည်သာ၊ မော်ကျွန်း စတဲ့ မြို့တွေ က ကံထူးရှင်တွေက အသီးသီးရရှိခဲ့ တယ်လို့သိရပါတယ်။ အဲဒါအပြင် ရွှေ ဒင်္ဂါးဆုနှစ်ဆုကိုလည်း မေလအတွင်း က မန္တလေးမြို့မှာ မဲဖောက်ပြီးရွေးချယ် ပေးခဲ့တယ်လို့ သိရပါတယ်။

 

article portrait watermark final20