Rockworth Office Systems Furniture Show Room ဖွင့်ပွဲ
Kaytumadi Co Ltd ကနေ တစ်ဦးတည်းကိုယ်စားလှယ်ယူကာ ထိုင်းနိုင်ငံကနေတင်သွင်းဖြန့်ချိတဲ့ Rockworth အမှတ်တံဆိပ် အဆင့်မြင့် ရုံးသုံးပရိဘောဂပစ္စည်း အရောင်းပြခန်းဖွင့်ပွဲကို Showroom တည်ရှိရာ ပုဇွန်တောင်မြို့နယ် ဗိုလ်မြတ်ထွန်းလမ်း၊ အမှတ် ၁၉၈ (A) မြေညီထပ်မှာ ၂၀၁၄ ခုနှစ် ဇွန်လ ၂၈ ရက်က ကျင်းပခဲ့ပါတယ်။ Rockworth ကနေ Desking Systems, Table & Training Systems, Seating & Lounges, Filing & Store, Executive , Work Tools, Panel Systems, Wall Systems စတဲ့ Product များကို ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖွင့်ပွဲနေ့မှာ ၀ယ်ယူတဲ့ customer တွေကို အထူးဈေးနှုန်းနဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။