CEO မဂ္ဂဇင်းကနေ စီစဉ်တဲ့ Professional & Professionalism Seminar

DSC_3709

CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းကနေ စီစဉ်တဲ့ Professional & Professionalism အမည်ရှိ Executive Seminar ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၉ ရက်က Chatrium Hotel မှာ ကျင်းပခဲ့ပါတယ်။ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ဆွေးနွေးဟောပြောခဲ့ပြီး ကုမ္ပဏီလုပ်ငန်းအသီးသီးရဲ့ စီမံခန့်ခွဲအုပ်ချုပ်သူ မန်နေဂျာတွေနဲ့ စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဟောပြောမှုအပြီးမှာ တက်ရောက်သူတွေရဲ့ မေးမြန်းမှုတွေကို ပါမောက္ခဒေါက်တာအောင်ထွန်းသက်က ပြန်လည်ဖြေ ကြားပေးခဲ့ပါတယ်။ Professional & Professionalism Seminar ကို Junction Center ၊ SMART Group of ompanies နဲ့ United Paints Group Co Ltd (UPG) တို့က Sponsor အဖြစ် ပံ့ပိုးကူညီခဲ့ပါတယ်။