Pond’s က Beauty Workshop ပြုလုပ်

pond2

pond1

 

၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်က ရန်ကုန်မြို့ Junction Mawtin မှာ အလှအပနဲ့ အသားအရေထိန်းသိမ်းမှုနဲ့ ဆိုင်တဲ့ Pond’s ရဲ့ Beauty Workshop ကို ပြုလုပ်ခဲ့ပါတယ်။ ပွဲရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “အလှအပဆိုင်ရာလိုအပ်ချက် တစ်ခုချင်းစီကို အကောင်းဆုံးဖြည့်ဆည်းပေးမဲ့ ကုန်ပစ္စည်းထုတ်လုပ်ပေးမှုနဲ့အတူ အမျိုးသမီးတွေကို ပုံမှန်အသားအရေထိန်းသိမ်းမှုရဲ့ အရေးကြီးပုံကို အသိပညာပေးဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ” လို့ Unilever မြန်မာရဲ့ Senior Brand Manager Mr.Jonathan Pua က ပြောကြားခဲ့ပါတယ်။ ပွဲမှာ Pond’s Beauty Council အဖွဲ့ဝင်တွေဖြစ်တဲ့ Talents and Models အေဂျင်စီတည်ထောင်သူ မတင်မိုးလွင်၊ အကယ်ဒမီဖွေးဖွေး၊ တေးသံရှင် နီနီခင်ဇော်၊ Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်တို့နဲ့အတူ အရေပြားအထူးကုဆရာဝန် ဒေါက်တာစိုးဝင်းဦး တို့က အလှအပဆိုင်ရာ ထိန်းသိမ်းမှုနဲ့ အကြုံပြုချက်များကို ဝေမျှခဲ့ပါတယ်။ Pond’s ဟာ မျက်နှာသစ်ဆေး၊ ဆပ်ပြာ၊ anti-ageing နဲ့ whitening စတဲ့ ထုတ်ကုန်တွေရှိပါတယ်။