NTT DATA Myanmar Co Ltd ရဲ့ မြန်မာနိုင်ငံအတွက် သင့်တော်အသုံးဝင်တဲ့ IT Training Service စတင်ခြင်း

ntt2

ntt1

NTT DATA Myanmar Co Ltd သည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်မှ စတင်ပြီး မြန်မာနိုင်ငံအတွက် သင့်တော်မယ့် IT Training ၀န်ဆောင်မှု စတင်မှာဖြစ်ကြောင်းကို၂၀၁၆ခုနှစ် ဇန်န၀ါရီလ ၁၁ ရက် MICT Park မှာ ပြုလုပ်တဲ့ အခမ်းအနားမှ သိရပါတယ်။ အဲဒီဝန်ဆောင်မှုဟာ IT  ပညာရှင်လိုအပ်မှုမြင့်မားလာမယ့် မြန်မာနိုင်ငံအတွက် ပိုပြီးလက်တွေ့ကျတဲ့ Program နည်းပညာနဲ့ System Engineer အနေနဲ့ လုပ်ငန်းခွင်ဝင်နိုင်ဖို့ လိုအပ်တဲ့အခြေခံ Basic Skill ကို လေ့လာသင်ကြားပေးမယ့် Training  ဖြစ်တယ်လို့ သိရပါတယ်။ ထူးချွန်စွာသင်တန်းပြီးဆုံးတဲ့ သင်တန်းသားတွေကိုလည်း NTT DATA Myanmar ရဲ့ဝန်ထမ်းအဖြစ် ခန့်အပ်သွားမယ်လို့ သိရပါတယ်။ 

ntt3

ntt4