NEC ရဲ့ စီးပွားလုပ်ငန်းလက်တွဲလုပ်ကိုင်ရေး နဲ့ ထုတ်ကုန်များ မိတ်ဆက်ပွဲ

NEC 3

၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၀၁၄တွင် NEC (Nikon Electronic Corporation) ရဲ့ Multimedia ပြသရေးစက်တွေ နဲ့ စီစဉ်တင်ဆက်မှုဆိုင်ရာ ဖြေရှင်းလုပ်ကိုင်နည်းတွေ ရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ ဆူးလေ Shangri-La မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို NEC Asia Pacific၊ Multimedia Platforms Business Unit ရဲ့ Vice President Mr Vincent Koh နဲ့ KMD ကုမ္မဏီရဲ့ CEO ဦးရိုနယ်အောင်မိုးရွှေတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ NEC ဂျပန်လျှပ်စစ်ပစ္စည်းကုမ္ပဏီ ဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဖြန့်ဖြူးပေးဖို့ မြန်မာနိုင်ငံမှာရှိတဲ့ KMD (Knowledge Management & Dedication) ကုမ္ပဏီကို တရားဝင်ရွေးချယ်ခန့်အပ်လိုက်ကြောင်းသိရပါတယ်။ NEC ကုမ္ပဏီ  နဲ့ KMD ကုမ္မဏီဟာ ၂၀၀၈ခုနှစ်ကတည်းက ပူးပေါင်းထားကြောင်းသိရပါတယ်။

 

NEC 4 NEC 2