My Princess Clinic ဖွင့်လှစ်

princess clinic post

My Princess Clinic  ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်က ဆေးခန်းတည်ရှိရာ အမှတ် ၁၄၊ ဦးချစ်မောင်အိမ်ရာ၊ ဦးချစ်မောင်လမ်းမှာကျင်း ပခဲ့ပါတယ်။ အခမ်းအနားကို အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ သရုပ်ဆောင် နိုင်းနိုင်းတို့က တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါဆေးခန်းမှာ နှုတ်ခမ်း နဲ့ Nipple ပန်းသွေးရောင်ခြယ်ကုထုံး၊ တင်းတိပ်၊ မှဲ့ခြောက်တွေကို ဖယ်ရှားပေးတာ၊ မျက်နှာပြန်လည်နုပျိုလှပစေဖို့၊ ချွေးပေါက်တွေကျဉ်းစေပြီး အသားအရေ၀င်း မွတ်စေဖို့၊ Tattoo တွေအပြီးတိုင် ဖယ်ရှားပေးတာ၊ ခန္ဓာကိုယ်နဲ့ မျက်နှာပေါ်ရှိ အမွေးအမျှင်တွေကို ရာသက်ပန် ဖယ်ရှားပေးတာ၊ ၀က်ခြံကုသပေးတာ ၊ သွေးကြော မျှင်လေးတွေကို ဖယ်ရှားပေးတာစတဲ့ အလှအပနဲ့ဆိုင်တဲ့ ကုသမှုတွေကို ကျွမ်းကျင်တဲ့ဆရာဝန်တွေက ကုသပေးနေတယ်လို့ဆိုပါတယ်။